Depending On The Heart (အပိုင်း16)

8.1K 296 17
                                    

မနက်ဖြန်မနက်ပိုင်းပဲ မလေးရှားသွားရမှာဖြစ်တာကြောင့် ခက်တာ လန်းဆန်းသွားအောင်ရေအရင်ချိုးလိုက်တယ် မုန်တိုင်းဒဏ်ဆိုတဲ့အယုတ်တမာကိုလှည့်စားဖို့ သူ့ရှေ့မှာ အမေရိကားသွားမယ်လို့ပြောခဲ့ခြင်း တကယ်သွားမှာက မလေးရှားကို Daddyကလဲ အဲ့ဒီအယုတ်တမာကောင်အကြောင်းသိတော့ ခက်တာ အမေရိကားသွားမယ်ထင်အောင်တမင်ကြံစည်ခဲ့ခြင်းသာ မုန်တိုင်းဒဏ်ဆိုတဲ့ကောင်ကပြောရတာမဟုတ် ဘယ်သွားမယ်ဆိုတာသိရင် အဲ့ဒီနေရာအထိလိုက်လာပြီးအနိုင်ကျင့်မယ့်လူမျိုး ယုံရတာမဟုတ် ရေချိုးခန်းထဲ ငါးမိနစ်လောက်တွေဝေစဉ်းစားပြီးတာနဲ့ ဒီအယုတ်တမာအကြောင်းခက်တာခေါင်းထဲကထုတ်လိုက်တယ် စိတ်ငြိမ်သွားအောင်သက်ပြင်းတစ်ချက်ချပြီး ရေမြန်မြန်ချိုးပြီးတာနဲ့ ခါးမှာတဘက်တစ်ထည်ပက် ပြီးရေချိုးခန်းထဲကထွက်ဖို့တံခါးဆွဲဖွင့်လိုက်တော့

''ဟမ်!''

တံခါးရှေ့မှာ အယုတ်တမာကောင်က ခါးမှာတဘက်တစ်ထည်ထဲနဲ့ ခါးထောက်ပြီးကြည့်နေတယ် ခဏတာကြောင်အသွားပေမဲ့သတိပြန်ဝင်တာနဲ့တံခါးကိုပြန်ဆွဲပိတ်တော့ မမှီတော့ မုန်တိုင်းကလည်သည် ခက်တာလက်တံခါးဆီမရောက်ခင်သူအရင်ခက်တာလက်ကိုဆွဲပြီးသူ့ခြေထောက်နဲ့တံခါးကိုတွန်းဖွင့်လိုက်တယ်

''မုန်တိုင်း မင်း...မင်း ဘယ်လို မုန်တိုင်း!''

ခက်တာမျက်လုံးကိုစူးစိုက်ကြည့်ရင်း
ရေချိုးခန်းထဲတိုးတိုးဝင်လာတာကြောင့် ခက်တာနောက်ဆုတ်ရင်း ဆုတ်ရင်းနဲ့ ရေပန်းအောက်ကနံရံနဲ့ကျောကပ်သွားသည်အထိ

''ကျုပ်လက်ကလွတ်ပြီထင်နေတာလား ခက်တာလွန်း ''

နံရံကိုကျောကပ်ထားပြီး သူ့ကိုဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့လူက သူအခုဘာဖြစ်တော့မယ်ဆိုတာမတွေးမိတဲ့အထိတုံးလို့ ဒီလိုကြည့်ရဲတာလား အလိုမကျတဲ့မျက်လုံးနဲ့ကြည့် ခပ်မဲ့မဲ့တစ်ချက်ပြုံးပြီး ခက်တာခေါင်းနဲ့မလှမ်းမကမ်းအမြင့်မှာရှိတဲ့ရေပန်းကိုဖွင့်ချလိုက်တယ် ထိုလူကမထင်မှတ်ထားလို့ထင်တယ် ခန္ဓာကိုယ်လေးတစ်ချက်တွန့်သွားပြီး လက်ကလေးတွေအချင်းချင်းပူးယှက်ထားရင်း သူ့ခါးက တဘက်ကိုကျစ်နေအောင်လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားတယ် ထိုလူ့အနားကိုတိုးသထက်တိုးပြီး ဒေါသထွက်လို့နီရဲနေတဲ့နားလေးကိုလျှာနဲ့လျက်လိုက်ပြီးခပ်ဖွဖွကိုက်လိုက်တယ်

Depending on the heart(On Going)Where stories live. Discover now