Depending On The Heart (အပိုင္း20)

10.8K 375 63
                                    

Uni

Depending On The Heart (အပိုင်း20)

6.9.2023...မနက် 9နာရီ45 မလေးရှားမှ မြန်မာနိုင်ငံသို့လေယာဉ်စိုက်ချိန်....

မုန်တိုင်းသတင်းကိုကြားတာနဲ့ အဖေတို့ဘယ်လောက်စိတ်သောကရောက်နေမယ်ဆိုတာတွေးမိတာနဲ့ ညတွင်းချင်း မြန်မာနိုင်ငံပြန်လာဖို့ ခွင့်တိုင် လေယာဉ်လက်မှတ်ဖြတ်ပြီးတာနဲ့ထွက်လာလိုက်တယ် မနက်4နာရီစထွက်တဲ့လေယာဉ်ကခုတော့ 9နာရီ45မိနစ် 10နာရီမထိုးခင် စိုက်တာကြောင့် အပြေးတလွှား လေဆိပ်ကနေထွက်လာတော့ သူ့အရှေ့ကို အသက်40ကျော်လောက်ရှိမယ့် အမျိုးသားတစ်ဦးကလာရပ်တယ် ကြည့်ရတာ ဝတ္စားပုံအရ driver တစ်ယောက်ဖြစ်မယ့်ပုံ

''ဒီက ခက်တာလွန်းလား''

''ဟုတ်ပါတယ် ကျွန်တော်ခက်တာလွန်းပါ''

''သားလေယာဉ်စိုက်ရင်လာကြိုဖို့သားအဖေဦးရာဇာကလွှတ်လိုက်တာပါ''

''အော် ဟုတ်ကဲ့ခဗျ ''

''ကားပေါ်တက်ပါသား''

''ဟုတ်ကဲ့''

အဖေလွှတ်လိုက်တာဖြစ်တဲ့အတွက် ခက္တာလဲစိတ္ပူမေနပဲ ကားပေါ်သာတက်လိုက်တယ်

တစ်ဖက်မှာတော့ ဦးရာဇာရဲ့အတွင်းရေးမူး မင်းမြတ်အာဏာ ကတော့လေယာဉ်ကွင်းမှာ ''Khat Tar Loon'' ဆိုတဲ့လက်ကိုင်ဆိုင်းဘုတ်လေးကိုင်ပြီးစောင့်နေရဲ့

--------------------------------

အဖေတို့အဆင်ပြေနေပါ့မလားဆိုတဲ့အတွေးပဲ ရောက်ရောက်လာတဲ့ခက်တာကတော့ မျက်ရည်တောင်ဝဲနေသယောင် မျက်လုံးကိုလက်နဲ့ပွတ်ချလိုက်ပြီး လ်က္ခနဲ ဘေးကိုကြည့်လိုက်တော့ အိမ်ကိုသွားတဲ့လမ်းမဟုတ်ပဲတောဘက်လမ်းကိုမောင်းနေတယ်ဆိုတာ သတိထားမိသွားတဲ့အပြင် ကားမွန္ကေန သူတို့နောက်မှာ ကားအမဲရောင်2စီးပါလာတာပါသိသွားတော့ ခက္တာ driver ဦးလေးကိုမေးခွန်းထုတ်တော့တယ်

''ဦးလေး ဘယ်ကိုသွားနေတာလဲ ''

''ဦးလေးခဗျ ကျွန်တော်မေးနေတယ်လေ ဦးလေး..ဦးလေး''

ဘယ်လိုခေါ်ခေါ်မရတော့တာကြောင့် ခက္တာ သူအလိမ်ခံလိုက်ရပြီဆိုတာတွေးမိသွားတာနဲ့ ကားမွန္ကို ခြေထောက်နဲ့ကန်တော့တယ် တံခါးများပွင့်သွားမလားဆိုတဲ့စိတ်လေးနဲ့
မှန်ကိုကန်နေတုန်း ကားကရပ်သွားတာကြောင့် ဘာမှတွေးတောမနေတော့ပဲ ကားတံခါးဆွဲဖွင့်ပြီးပြေးဖို့လုပ်တော့တယ် ဒါကသူ့အတွေး တကယ္ကေတာ့ တံခါးဆွဲဖွင့်လိုက်တာနဲ့တစ်စုံတစ်ဦးရဲ့ရင်ခွင်ထဲမျက်နှာနဲ့တိုက်မိသွားတယ် မော့ကြည့်လိုက်တော့

Depending on the heart(On Going)Where stories live. Discover now