🔞Depending On The Heart (အပိုင်း26)Zawgyi

3K 30 1
                                    

Zawgyi
----------

အချစ်ပေးရင်အချစ်ပြန်ရတယ်ဆိုတဲ့လူကြီးသူမတွေရဲ့ဆိုရိုးကိုလက်ကိုင်ထားပြီးလူတိုင်းအပေါ် ရိုရိုကျိုးကျိုး ဆက်ဆံလာတဲ့ခက်တာ ခုမုန်တိုင်းဒဏ်ဆိုတဲ့လူသားဆီမှာ ဘုန်းခနဲမြည်အောင်လဲရပြီ ငယ်စဉ်ကတည်းက လူတိုင်းအပေါ်အချစ်တွေပဲပေးခဲ့သလို မိမိကိုရန်လိုနေသူတွေကိုတောင် မေတ္တာတရားနဲ့တုံ့ပြန်ခဲ့တဲ့ ခက်တာလွန်းက လူစိတ်မရှိတဲ့ တိရစ္ဆာန်လိုကောင်ရဲ့ခြေဖျားအောက်မှာမှောက်နေရရှာတယ် ဖေဖေပြောတဲ့ကံကြမ္မာဆိုတာ ဒါကြီးလား ဝဋ်ဆိုတာကဒါလား ဝဋ်လို့အမည်တပ်ရအောင်လဲ ခက်တာအနေနဲ့ သူတစ်ပါးအပေါ်ဝဋ်လည်ရလောက်တဲ့အထိဘာတစ်ခုမှမလုပ်ထားမိဘူး မုန်တိုင်းဒဏ်ဆိုတဲ့လူဆိုးကောင် သူ့အပေါ်မှာ မေတ္တာတရားပြန်ထားလာနိုင်မယ်လို့ပဲမျှော်လင့်ဖို့ရှိတော့တယ်....။

ညအချိန် 11နာရီ35မိနစ်
-----------------

11နာရီခွဲလိုကျော်နေပြီ အိမ်ပြန်မရောက်သေးတဲ့လူဆိုးကောင်ကြောင့် ခက်တာ ဝရန်တာဘက်ထွက်လိုက် ပြတင်းပေါက်ကနေကြည့်လိုက် ကုတင်ပေါ်ထိုင်လိုက်နဲ့ကို ဘယ်နှစ်ကြိမ်လုပ်နေမိမှန်းတောင်မသိတော့ အရမ်းစိတ်ပူလွန်းလို့တော့မဟုတ်ဘူး Daddyက ဒီလူဆိုးကောင်မရှိတာသိရင် ဒီကောင်ခြေငြိမ်အောင် ခက်တာနဲ့လက်ထပ်မယ့်နေ့ကို ဝုန်းခနဲဒိုင်းခနဲ မနက်ဖြန်ကိုရွှေ့ပစ်မယ့်လူမျိုးဖြစ်တဲ့အတွက် ဖင်တကြွကြွဖြစ်နေရခြင်း

''ဒီတစ်ခါနောက်ဆုံးပဲ နောက်ဆုံးတစ်ခေါက်ပဲကြည့်မယ် ဒီတစ်ခေါက်ကြည့်လို့မှပြန်မလာသေးရင်
သူ့ဟာသူပြန်လာချင်လာ မလာချင်နေ အိပ်တော့မယ်''

ဆုံးဖြတ်ချက်အခိုင်အမာထားပြီးတာနဲ့ပြတင်းပေါက်က ကာထားသည့် နူးနူးညံ့ညံ့အပြာရောင်အဝတ်စလေးကိုလက်နဲ့ဖယ်လိုက်တော့ ရင်ဘက်ထဲကဒိန်းခနဲအောင့်လာတယ် အကြောင်းအရင်းကတော့ ခြံအပြင်မှာ လူဆိုးကောင်က ငယ်ငယ်ရွယ်ရွယ် ကောင်လေးတစ်ယောက်နဲ့နမ်းနေသည်
လေ ဘာကြောင့်မှန်းမသိ တစ်စက်စက်ကျလာတဲ့မျက်ရည်တွေကိုမသုတ်သေးပဲ အဲ့ဒီလူဆိုးကောင်မမြင်သေးခင်
ပြတင်းပေါက်ကိုအမြန်ပိတ်လိုက်တယ် ပြီးမှပဲ ရိုက်ကြီးတငင် တရူံ့ရူံ့ ငိုချပစ်လိုက်တယ် ဘာလို့ငိုမိနေလဲဆိုတာခက်တာကိုယ်တိုင်လဲမသိ ဒီကောင်နဲ့ပက်သက်လာရင်မျက်ရည်လွယ်သည်ကစတွေ့တွေ့ချင်းထဲကပင် ဒီကောင်ကတော့သူ့ရဲ့ကားကိုတောင် ထိုကောင်ငယ်လေးကိုအမ်းလိုက်သေးသည် ခက်တာဘာမှကိုမပြောနိုင်တော့ ငိုချင်တာပဲသိတော့လေသည်....

Depending on the heart(On Going)Tahanan ng mga kuwento. Tumuklas ngayon