Depending on the heart (အပိုင်း12)🔞🔞🔞

10.7K 373 21
                                    

''လန့်သွားတယ်မလား ရေသောက်လိုက်''

မုန်တိုင်းကရေခွက်လက်ကမ်းပေးတော့ တုပ်တုပ်တောင်မလူပ်တဲ့ထိုလူ ခြံထဲကပွေ့ချီပြီးအခန်းထဲရောက်တဲ့အထိ ဒီလူမုန်တိုင်းကိုခုချိန်ထိစကားတစ်ခွန်းမှမပြောသေး

''ခက်တာလွန်း ခဗျားခုလိုနေနေတော့မှာလား! ကျုပ်စိတ်တိုလာပြီ''

'' ခက်တာလွန်း ခဗျားကလေ နည်းနည်းလေးမှဂရုစိုက်ပေးလို့မရတဲ့လူပဲ နည်းနည်းလေးဂရုစိုက်ပေးတာနဲ့ရောင့်တက်လာပြီ အေး ခဗျားဟာခဗျားနေချင်သလိုသာနေတော့ တောက်!''

မုန်တိုင်းလဲစိတ်တိုတိုနဲ့ တောက် တစ်ချက်ခေါက်ပြီးအခန်းတံခါးစောင့်ပိတ် အခန်းထဲကထွက်လာခဲ့လိုက်တယ်

''ကိုကို..''

အိမ်ထဲကထွက်လာတော့ ထွက်လာတဲ့ ချွဲမြမြအသံကြောင့်နောက်ကိုပြန်လှည့်ကြည့်တော့ မုန်တိုင်းplayနေတဲ့ကောင်လေးတွေထဲကတစ်ယောက် ဒီကောင်လေးက
မုန်တိုင်းတို့ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့သားဖြစ်ပြီး မုန်တိုင်းကိုဆိုအတင်းလိုက်ကပ်နေတဲ့ကောင်တွေထဲထိပ်ဆုံးကပါတယ်သူ့အမေကျောင်းအုပ်ဆရာမကြီးကလဲ မုန်တိုင်းတို့ကချမ်းသာတာသိတော့ မုန်တိုင်းတို့အိမ်ခဏခဏလာပြီး သူ့သားကိုမုန်တိုင်းနဲ့မိတ်ဆက်ပေးတတ်တယ် ပြောရမယ်ဆို ထိုးကြွေးတာပေါ့ မုန်တိုင်းဒီကောင်လေးနဲ့တွဲတာမကြာသေးဘူး မုန်တိုင်းအဖေ ယောက်ကျားယူမယ်လို့ပြောတဲ့အချိန်မှရွဲ့ပြီးတွဲလိုက်တာ ဒီကောင်လေးအပါအဝင် သုံး​​ယောက်ရှိတယ်

'' ဘာကိစ်စလဲ''

''ကိုကို..မာမီကလေ ချောင်းသာကိုသွားတယ် အဲ့တာလေ တာရာကအိမ်မှာတစ်ယောက်ထဲ..''

မုန်တိုင်းပုခုံးပေါ်ကိုခေါင်းတင်ပြီးချွဲ့နွဲ့ပြောနေတဲ့ ကောင်လေးကြောင့်စိတ်ရူပ်နေတဲ့မုန်တိုင်း လက်ကိုပုတ်ချပြီးခပ်ပြတ်ပြတ်ပဲပြောလိုက်တယ်

''မင်းကိုငါတွဲနေတာ ချစ်လို့လဲမဟုတ်ဘူး ကြိုက်လို့လဲမဟုတ်ဘူး မင်းအမေချောင်းသာသွားလို့ဆိုပြီး hotleခတွေ စားဖို့အတွက်တွေ ငါ့ဆီကငွေခြူဖို့လဲမကြံနဲ့ ငါလိုကောင်မျိုးဆီက မင်းဘာမှရမှာမဟုတ်ဘူး စောက်အာရုံနောက်တယ် ငါ့အိမ်ကထွက်သွားစမ်း''

Depending on the heart(On Going)Where stories live. Discover now