Bloody Love Part- 6🖤

741 25 4
                                    

*လူတွေဟာ ကိုယ်ချစ်တဲ့သူရှေ့ရောက်ရင် ဘယ်လောက် အေးဆက်တဲ့သူဖြစ်ပါစေ အဲ့ဒီအေးဆက်မှုတွေဟာ လေနှင့်အတူ လွင့်တာပါဘဲ*

------------------------

ဖူးငယ်စီကို တအားတွေပြေးလာသည့် အတွက်ကြောင့် ထွဋ်ရဲရင့် လှမ်းသတိပေးရပြန်ပါ​သည်။

"ဟိတ် ဟိတ် ဖြေးဖြေးလာ။ မပြေးခဲ့နဲ့......"

"Ok"
"Ok"

အိုခေဆိုသည့်ပုံလေးကို လက်ကထောင်ပြရင်း ဖူးငယ်လေးစီကို ရောက်လာသည်။

"မရဘူး ဖူးငယ်ကို ငါချီမှာ"

"မရဘူး ဖူးငယ်ကို ငါချီမှာ"

"မရဘူး"

"မရဘူး"

သူချီ ငါချီနှင့် အမွှာနှစ်ယောက်ဟာ ငြင်းခုံနေကြသည်။ ဒါဟာလဲအမြဲလိုလို ဖြစ်နေသည့် အရာပင်။

ဖူးငယ်လေး​ကတော့ သူ့၏ အမွှာအကိုနှင့်အမအားကြည့်၍ တစ်ခစ်ခစ် ရယ်လေသည်။ အပတ်တိုင်းဖြစ်နေသည့် ပျော်စရာ အဖြစ်အပျက်ပင်။

"ကဲ ဘယ်သူမှ မချီနဲ့။ ဖူးရေ ဉီးစီလာ။ "

"ဟုတ်တဲ့"

ဟိုအမွှာနှစ်ယောက်ရဲ့မျက်နှာဟာ ချက်ချင်း တည်သွားပြီး ဆိုဖာပေါ် ဆောင့်ကြီးအောင့်ကြီး ထိုင်လေသည်။

"အဟားဟား"

ထွဋ်ရဲရင့်က ရယ်တော့ မျက်ထောက်နီ​တွေနဲ့ လှည့်ကြည့်နေလေရဲ့။

"ဘာရယ်တာလဲ"

"ချစ်ဖို့ကောင်းလို့ ဟားဟား"

ပြောလဲပြော ရယ်လဲရယ်ရင်း အူတက်နေလေသည်။ အမွှာနှစ်ယောက်ဟာ မတက်နိုင် ဆိုသည့်အကြည့်နဲ့သာ ကြည့်နေသည်။

"ဉီးဉီးရေ။ မီးမီးကို ချပေးရော့"

ဖူးငယ်လေးဟာ သူ၏အမနဲ့အကိုကိုယ်ကြည့်၍ သနားသည့်ပုံဖြင့် သူ့ချီထားသည့် ထွဋ်ရဲရင့်ကို အောက်ချပေးရန် တောင်းဆိုသည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now