Bloody Love part- 44🖤

233 16 0
                                    

တစ်အိမ်လုံး၏ အကြင်နာတွေကြောင့် နောင်နောင်ရဲ့ အဖျားဟာ ၂ရက်ထဲနှင့် အရှင်းပျောက်သွားချေပြီ.....

အရင်က ကျောင်းမှန်သည့် ကောင်လေးမှာ အခုဆိုရင်တော့ ကျောင်းချိန်တွေပျက်လို့ စာတွေပြန်ကူးနေရသည်....

မာမီကလည်း ကျောင်းသားဖြစ်နေသေးတာကြောင့် ကျောင်းကစာတွေကို ၂ဉီးသား အတူတူရေးနေကြသည်.....

ပါးလွန်တဲ့ ကြောင်ပေါက်လေးဟာ သူ့မာမီကို စာစလုပ်ကထဲက မျက်နှာချိုသွေးကာ အမျိုးမျိုး ချွဲနေသေးသည်....

တခါတလေဆို စာမကျက်ဘဲ မာမီ့ကိုသာ တစ်စိမ့်စိမ့်ထိုင်ကြည့် နေမိသည်....

ကြည့်တော့လည်း ကြည့်ချင်စရာပင်

မာမီက T-Shirtအဖြူ ပွပွကြီးနဲ့ ဘောင်းဘီအရှည် အမဲရောင်ကြီးကို ဝတ်ဆင်ထားပြီး မျက်မှန် တစ်ခုကိုလည်း တပ်ထားသေးသည်.....

ထို့အပြင် နက်မှောင်သည့် ဆံနွယ်များကို စီးထားသည်ကြောင့် အလွန်ကို ဆွဲဆောင်မှုရှိလွန်းသည်.....

"ကိုယ့်ကိုမငေးနဲ့ ​စာကိုကျက်"ဆိုပြီး ခနခန အငေါက်ခံသေးသည်....

"မာမီ~~~"

ပျင်းတွဲတွဲအသံဖြင့် မာမီအား အသံပြုလိုက်တော့ မာမီက ဘာလဲ ဆိုသည့်အကြည့်ဖြင့် သူ့အား မော့ကြည့်သည်.....

"ညောင်းတယ်....."

ရင်ခွင်ထဲ တိုးဝင်ကာ လက်ကလေးတွေကို ထောင်ပြတော့ မာမီက သူ့လက်ကလေးတွေကို ပြန်ဆုတ်ကိုင်လိုက်သည်.....

အခုတလော ထိုကြောင်ပေါက်ဟာ အတော်ကို အတင့်ရဲလာသည်.....

တောင်းဆိုချက်မရှိဘဲ သူ့အားဖက်သည်။ နမ်းသည်.....

မကြိုက်လို့လား ဆိုတော့လည်း မဟုတ်ဘူး ကြိုက်တယ် ကြိုက်လွန်းလို့ တစ်ပိုင်းတောင် သေတယ်.....

"ဘယ်လောက်ကျန်သေးလဲ...."

ကလျာက မေးတော့ နောင်နောင်ဟာ လက်ကလေး ၃ချောင်းထောင်ပြသည်....

"လိမ်မာပါတယ်....ဆက်ရေးဉီး....ကိုယ်ဆိုလို့ရင် ၅ပုဒ်ကျန်သေးတယ်...."

ထိုသို့ပြောရင်လည်း ကောင်လေးက နာခံသည်....

ချက်ချင်း ရင်ခွင်ထဲက ထသွားကာ စာပြန်ရေးနေပြန်သည်.....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now