Christmes Speical🎄⛄

212 10 0
                                    

Warning!!
Main Storyနဲ့ လုံးဝမသက်ဆိုင်ပါ🖐🚨
.................................
{အံ့ကလျာနွယ် & ရှိုင်းရင့်နောင်🎄}

အေးစိမ့်စိမ့်လေပြေညှည်းတို့ကြောင့် အနောင် ခန္ဓာကိုယ်လေး တုန်သွားသည်။ စောင်ထူထူ ခြုံထားပါရဲ့နှင့် အေးလွန်းသည့် ဒီဇင်ဘာလ ဆောင်းကြောင့် အနောင်ခန္ဓာကိုယ်လေးဟာ တုန်ရင်နေသည်။ အနောင်ဟာ အအေးကြောက်သူဖြစ်တာကြောင့် ​စောင်ကိုတင်းနေအောင် ခြုံထားမိသည်။ သို့ပေသော်ငြား အချမ်းဓာတ်ကား လျော့မသွားချေ။

အနောင် စိတ်ရှုပ်စွာဖြင့် မျက်လုံးမျာအားဖွင့်လိုက်ပြီး နာရီကိုလှမ်းကြည့်လိုက်သည်။ အချိန်အားဖြင့်မနက် ၃နာရီကျော်ကျော်။ အလွန်အေးသည့်ကြောင့် အနောင် ဆက်မအိပ်နိုင်။ ဘေးနားက မာမီဟာတော့ အိပ်နေသည်မှာ အပူပင်ကင်းစွာ။ ဒါ့အပြင် သူကသာ အေးလွန်းလို့ စောင်အထူကြီးခြုံ အက်ျီအထူကြီးတွေဝတ်နေတာ မာမီဟာတော့ T-shirt တစ်ထည်သာ ဝတ်ထားပြီး ဘာစောင်မှ မခြုံ။

"အယ် မေ့နေတာ"

ချက်ချင်းစောင်ကို ကန်ချလိုက်ပြီး ဘေးနားက မာမီကိုတချက်စောင်းကြည့်လိုက်သည်။ ပုံစံဟာ ဘယ်လိုလုပ်လုပ် နိုးမည့်ပုံမဟုတ်တာကြောင့် သူ၏အစီအစဉ်ကို အကောင်ထည် ဖော်လိုက်သည်။

"ဟီး နွေးနေတာဘဲ"

အကြောင်းကား မာမီဝတ်ထားသည့် T-Shirtအထဲ အတင်းတိုးဝင်လိုက်ခြင်းဖြစ်သည်။ Free Sideတွေသာ ဝတ်တတ်သည့်မာမီကြောင့် အခုလိုအခြေအနေမျိုးကြ ကွက်တိ။ ထိုနောက် မာမီရင်ဘက်ကျယ်ကျယ်ကို တစ်ချက်နမ်းလိုက်ပြီး ပြန်အိပ်လိုက်သည်။

အမှန်တကယ်ဆို ကလျာ အိပ်မောကျမနေ။ ဒါ့အပြင် အအိပ်ဆက်တာကြောင့် Babyလုပ်သမျှကို သူသိသည်။ Baby အခုလိုလုပ်နေသည့် တလျှောက်လုံး ကလျာသဘောအကျကြီး ကျနေမိသည်။ ထို့နောက် ရင်ဘက်ကို နမ်းလာသည့် Babyကြောင့် စိတ်ထဲ မရိုးမယွဖြစ်သွားရသည်။ ထို့အတူ မိမိအောက်ကအရာဟာလည်း ထိုးထလာသည်။

ကာယကံရှင်ကတော့ ထိုအကြောင်းကိုမသိဘဲ ရင်ခွင်ထဲ နှစ်ချိုက်စွာ ပြန်အိပ်ပျော်သွားပြန်သည်။ Babyအိပ်ပျော်သွားတာ သေချာသည်မှ ရင်ဘက်ထဲက ထုတ်လိုက်သည်။ သူထုတ်လိုက်သည်နှင့် မျက်မှောင်လေးကျုံ့သွားသည်။ သို့ပေမယ့် သူကပြန်ဖက်ပေးလိုက်တော့ စုကျုံ့ထားသည့်မျက်ခုံးတန်းလေးတွေက ပြေလျော့သွားကာ အိပ်ပျော်သွားတော့သည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now