Bloody Love part- 54🖤

319 23 2
                                    

3months Lader......

မြို့အပြင်က စွန့်ပစ်ဂိုဒေါင်တစ်ခု၌ ဖြစ်သည်။

ထိုအထဲ၌ လူတစ်ယောက် ကြိုးတုပ်ကာ ဖမ်းစီးခံထားရပြီး လွတ်မြှောက်ဖို့သာ ကြိုးစားနေလေသည်။

"အွန်း....ဝူး..."

ပါးစပ်အပိတ်​ခံထားရတာကြောင့် အသံဟာ ပီပီသသ မထွက်နိုင်ဘဲ ဝူးဝူးဝါးဝါးသာ ထွက်လာသည်။

"အဟားဟား.... ဟ"

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ မိန်းမတစ်ယောက်ရဲ့ ရယ်သံစူးစူးဟာ ဟိန်းထွက်လာခဲ့သည်။ ထို့အပြင် ခရမ်းရောင် သစ်ခွရနံ့ဟာ ထိုပတ်ဝန်းကျင်အတွင်း ဖုံးအုပ်သွားသည်။

"အိုဟိုး.... ငိုနေတာဘဲ။ ဘာလို့လဲ ဟမ်။ အာ....မေ့လို့ မေ့လို့ .... ပါးစပ်ကြီးပိတ်ထားတော့ ဘယ်အသံထွက်ပါ့မလဲ...."

ပြောပြောဆိုဆို ပါးစပ်က တိပ်ကို ဆွဲ​ခွာလိုက်တာကြောင့် နာကျင်မှုဟာ စူးခနဲ။

"လွှတ် လွှတ်ပေးပါ.... "

တိပ်ခွာသွားသည်နှင့် ချက်ချင်းထွက်လာသည်မှာ တောင်းပန်စကားတွေပင်။ ထိုပုံကိုကြည့်၍ ကလျာ မဲ့ပြုံးတစ်ချက်ပြုံးကာ မင်းနွယ်ကို လှည့်ကြည့်လိုက်သည်။

"ကိုကို....ငါ ဒီအကောင့်ကို စိတ်ကြိုက်ကစားမယ်။ မင်းခွင့်ပြုမလား။"

"ကိုကိုပြောထားပြီးသား နွယ်ငယ်သဘောလို့"

အမွှာတွေစကားပြောပြီးသည်နှင့် အရှေ့ကလူကို ပြန်ကြည့်လိုက်သည်။ မျက်ရည်အရွဲသားနှင့် အခုချိန်ထိ လွှတ်ဖို့ကြိုးစားနေတုန်းပင်။

"Leader Dark.... တောင်း တောင်းပန်ပါတယ်... လွှတ်ပေးပါ... နောက် နောက်လုံးဝမလုပ်တော့ပါဘူး..."

"အဟက်! မလုပ်ခင်က မစဉ်းစားခဲ့ဘူးလား....မေးတာကို အမှန်တိုင်းဖြေ။ မဖြေရင် ဒီဓားသွားတစ်ချောင်းက မင်းအသားထဲ ဖောက်ဝင်ဖို့ ငါအာမခံတယ်။"

ကလျာ၏ အေးဆက်ဆက် အသံကြောင့် အရှေ့ကလူဟာ အသားတွေတဆက်ဆက်တုန်ကာ ကြောက်ရွံ့နေသည်။

"ငါတို့တင်သွင်းတဲ့ လက်နက်တွေ ဘယ်ရောက်သွားတာလဲ။"

"..........."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now