Bloody Love part- 52🖤

300 22 0
                                    

မထည်က ဖူးရဲ့ လက်ကိုဆွဲကာ အလုပ်မသွားဖို့တားမြစ်သည်....

သို့သော် ဒီနေ့ဟာ အမှန်တကယ် အရေးကြီးနေတာမလို့ အလုပ်က မသွားလို့မဖြစ်....

"ဖူး အလုပ်က တကယ်အရေးကြီးနေလို့ပါ....ပြီးတာနဲ့ ပြန်လာမှာပါ...."

ဖူးက ထိုသို့ပြောတော့ မထည်က ဖူးရဲ့ လက်ကိုလွှတ်ပေးလိုက်ပြီး ခေါင်းညိမ့်ပြသည်....

"အင်း....ပြီးတာနဲ့ ပြန်လာ...."

မထည်ရဲ့ စကားကို ဖူးက အပြုံးလေးနဲ့သာ တုန့်ပြန်လိုက်သည်.....

ထို့နောက် ကားထားသည့် ဂိုဒေါင်ထဲသို့သွားကာ ကားထုတ်ပြီး Companyသို့ သွားလိုက်သည်....

ဒီနေ့ ဖူးရဲ့ စိတ်တွေ ဒွိဟဖြစ်နေသည်....

ဝမ်းနည်းစိတ်ရော ပျော်ရွှင်စိတ်တွေပါ ရောစပ်နေသည်.....

ဝမ်းနည်းရခြင်းကို အထူးတလည် မပြော တော့ပေ.....

ပျော်ရွှင်စိတ်ကတော့......

ဒီကနေ့ ကိုကိုနဲ့ မမကို ပြန်တွေ့ရတော့မှာမလို့ပင်ဖြစ်သည်။ ရုတ်တရက် ထွက်သွားမိတာကြောင့် မမက သူ့ကို စိတ်ဆိုးနေမလား။ ဒါမှမဟုတ် ကိုကိုက သူ့ကိုပွေ့ချီကာ ဝမ်းသာစကားတွေ ပြောမလား။ ဖူး ကိုယ့်အတွေးလေးနှင့်သူ​ ဝမ်းသာ ကားမောင်းရင်း ပြုံးလိုက်မိသေးသည်။

ထိုသိုနှင့် ကားလေးဟာ တရွေ့ရွေ့နှင့် companyရှေ့ကို ရောက်သွားသည်။ ကားရပ်လိုက်သည်နှင့် ရွှန်းလဲ့မာန်နှင့်အတူ driverလေးတစ်ယောက်က ​လာကြိုကြသည်။

"မဂ်လာပါ Boss...."

ရွှန်းလဲ့မာန်က ဖူးရဲ့ ကားတံခါးကိုဖွင့်ပေးပြီး ဉီးစွာ နှုတ်ဆက်လိုက်သည်။

"အင်း....ရောက်နေပြီလား..."

"ဟင့်အင်း....ခဏနေရောက်ပါမယ်တဲ့...."

ဖူး ပြုံးပြီသာ ခေါင်းငြိမ့်ပြလိုက်သည်။ သူနဲ့ရွှန်းလဲ့မာန် စကားပြောနေချိန် driverသမားလေးက ကားကိုယူကာ parkingသွားထားချေပြီ။ ဖူးနဲ့ရွှန်းလဲ့မာန်လဲ စကားပြောရင်း ရုံးခန်းထဲသို့ သွားလိုက်သည်။

အင်း.....

အချိန်ကြပြီဆိုတော့ ပြန်တွေ့ကြ​ရအောင်

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now