Bloody Love part- 27🖤

322 19 0
                                    

စစ်မင်းခက စကားကို မျက်ရည်တွေ ရစ်ဝန်းလျက်နဲ့ပင် ပြောခဲ့သည်.....

အချစ်ဆိုသည်မှာ အင်မတန် ပူလောင်လှသည်.....

အထူးဖြင့် တစ်ဖက်သတ်အချစ်....

ကိုယ်ချစ်တဲ့ သူအနားက မခွာရအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြသူတွေကြည့်ပါဘဲ.......

သူတို့ပျော်နေရင် ကိုယ်ပါ ပြုံးမိပြီး
သူတို့မျက်ရည်ကျတဲ့အခါ ကိုယ်ပါ ရင်ပူသည်~~

"အကိုကတော့ကွာ.....ဆော်ရီးနော် ညီလေး.....အကိုပြောရမှာ ကလျာ့အကြောင်း မဟုတ်လား....."

အကိုက ရစ်သီနေတဲ့ မျက်ရည်တွေကို မြေမခစေဘဲ လက်ဖြင့် သုတ်လိုက်သည်......

နောင်နောင် အနေနဲ့ အကို့အား သနားမိပါသည်.....

ကိုယ့်ရဲ့ ပင်ကိုဗီဇကို ဖျောက်ဖျက်ပြီး ချစ်ရသူအနားမှာ Betaတစ်ယောက်အနေနဲ့ အမြဲကာကွယ်ကာ သန်မာတဲ့အကိုဟာ.......

သူ့ရဲ့ မျက်ရည်တွေကို အမြဲသိုသိပ်ထားတယ်ဆိုတာ သိသာလွန်းသည်......

"အကို့အနေနဲ့ ကလျာက အမအနေနဲ့ရော သူငယ်ချင်း အနေနဲ့ရော ပြောရမှာပေါ့..... သူက နည်းနည်း စိတ်မရှည်တက်ဘူး......

ဒါ့အပြင် ဒေါသကလွယ်သေး တစ်ခုခုဆို ဒေါသကြည့်ဘဲ......

ကလျာက မဟုတ်မခံလူမျိုး အမှောင်လုပ်ငန်းမှာ ဆရာတစ်ဆူ ဖြစ်တာလဲ မပြောနဲ့ လုံးဝကို တိကျပြတ်သားတယ်.....ရက်စက်တယ်.....သူသတ်ချင်တဲ့ ဘယ်သူမဆို စက္ကန့်မခြားသတ်နိုင်တယ်......"

"ခဏ......ဒါဆို မမက....."

နောင်နောင့်ရဲ့ အမေးကို သဘောပေါက်တဲ့ စစ်မင်းခက နောင်နောင့်ဘေးနားထိုင်ကာ........

"အဲ့အလုပ်ကို လုပ်လို့ ကလျာကို စိတ်မပျက်ပါနဲ့လို့ အကိုတောင်းဆိုပါရစေ....."

"နောင် ကအဲ့လိုဆိုလိုတာ ဟုတ်ပါဘူး.....ဘယ်ကတည်းက စလုပ်လဲ သိချင်တာပါ......"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now