Bloody Love part- 16🖤

413 22 0
                                    

"ငါက နင်နဲ့ဆန့်ကျင်ဘက်"

ပြည့်စုံတစ်ယောက် တကယ်ကြောင်သွားပြီ......

ကလျာက သူ့အားကျောပေးလျက်နဲ့ပင် ဆက်ပြောလာသည်......

"ငယ်ငယ်ကတည်းက ဖအေမုန်းတာခံတယ်.....10နှစ်အရွယ်မှာ မအေကို ဆုံးရှုံးခဲ့ရတယ်......

မိထွေး~

ငါ့အတွက် အဲ့မိန်းမက အဆိပ်ဘဲ......"

ဒေါသထွက်နေသည်ကြောင့် လက်ထဲက ဆေးလိပ်တောင် တုန်နေသည်.......

တွေ့တာမကြာသေးသော်ငြားလည်း ထိုသို့ကြားရတော့ စိတ်မကောင်းဖြစ်မိသည်မှာ အမှန်......

"ငွေကြေးပြည့်စုံတယ် ဒါမယ့်.......မေတ္တာမပြည့်စုံဘူး....."

ပြည့်စုံလဲ ကလျာအနားသွားကာ.......

"နင်ဘေးမှာ ငါတို့ရှိတယ်....."

ဖက်ပြီးနှစ်သိမ့်ပေးတာကြောင့် အမျိုးအမည် မသိတဲ့ နွေးထွေးမှု တစ်ခု......

"အင်း ကျေးဇူး...... "

ပြည့်စုံက အနည်းငယ် ပြုံးပြကာ လက်ခံလိုက်သည်......

"အမယ်.....ငါမရှိတုန်း တည့်နေတယ်ပေါ့ ဟုတ်လား......"

ဟေသာက ရုတ်တရက်ကြီး ဝင်လာတာကြောင့် နှစ်ယောက်သား အနေခက်သွားသည်.......

ချောင်းတဟန့်ဟန့်နဲ့ အဆင်ပြေအောင် လုပ်နေကြသည်.....

ဟေသာကတော့ တဟားဟားရယ်ကာ သူတို့၂ယောက်ကို လက်ဆွဲကာ canteenဘက်ကို ထွက်သွားကြသည်......

...........
..................
"ဘာစားမလဲ သူငယ်ချင်းတို့..... "

"Orange Juiceဘဲ"

"သံပုရာရည်ဘဲ"

"အိုခေ"

ကလျာက နေ့လယ်စာသိပ်စားလေ့မရှိတာကြောင့်ရော ခေါင်းသိပ်မကြည်တာကြောင့်ရော သံပုရာရည်ကိုသာ မှာလိုက်သည်........

"ဘယ်သူလဲလို့ ကြည့်နေတာ မမဖြစ်နေတာကိုး..... "

အနောက်က ခပ်ရွှင်ရွှင်အသံ​ကို​ကြားလို့ လှည့်ကြည့်မိတော့ ထင်ထားတဲ့ သူပါဘဲ......

"ဖူးငယ် စားပီးပီလား....."

"အင်း ပြီးပြီ...ထိုင်မယ်နော် အမတို့...."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now