Part-1(Unicode/Zawgyi)

2.4K 70 3
                                    

Unicode

ရေရာစွာမမြင်ရသော်ငှားလည်း ထိုအရာသည်ကား လူအုပ်စုထဲမှကောင်လေးသည် ဒူးထောက်လျှက်ကိုယ်ကိုညွှန့်ကိုင်း၍ လက်အုပ်ချီကာ ကြိမ်အရာတဖန် ထပ်တလဲလဲတောင်းပန်နေလေသည်။

" တောင်းပန်ပါတယ် ၊ ကျွန်တော်မျိုးနောက်မလုပ်ဝံ့တော်ပါဘူးသခင်မကြီး ခွင့်လွတ်ပေးပါ။"

အကြိမ်ကြိမ်တောင်းပန်နေသော်လည်း ခွင့်လွတ်ဟန်မတူသောလူအုပ်စုသည် ထိုလူငယ်လေးအား မနားတမ်း ကြိမ်တုပ်နှင့်ကြိမ်ဖန်များစွာ ရိုက်နှပ်နေလေသည်။ကောင်လေးသည်လည်း လက်အုပ်ချီကာ ခွင့်လွတ်ရန်နှုတ်ဖျားမှ 'တောင်းပန်ပါတယ် ခွင့်လွတ်ပေးပါ' ဟူ၍ ထိုစကားကိုပင် ထပ်ခါတစ်လဲတောင်းဆိုနေလေသည်။

ထိုမြင်ကွင်းအား ထင်ထင်ရှားရှား မမြင်ရသော်လည်း ထိုကောင်လေး၏ မျက်လုံးအိမ်ထဲရှိမျက်ရည်များသည်အဆုံးမရှိ စုန်ဆင်းနေသောရေတံခွန်အလား စီးဆင်းမြဲစီးဆင်းနေသည်ကိုတော့ မြင်နေရလေသည်။ထိုကောင်လေး၏ နှုတ်မှကြိမ်တစ်ရာရေရွတ်နေသောစကား၊ အထိန်းကွတ်မဲ့စွာကျဆင်းနေသော ရေကြည်ရာမျက်ရည်များသည် နှလုံးသား၏ရင်ဝသို့ ချွန်ထက်သောလှံဖြင့် ထိုးစိုက်နေသကဲ့သို့ နာကျင်လွန်းလှသည်။

" အဲ့တာဘာလုပ်နေကြတာလဲ ခုချက်ချင်းရပ်စမ်း....."

ကောင်လေးသည် ထိုလူအား အားကိုးတကြီးတောင်းဆိုမိလေတော့သည်။ထိုလူရဲ့အမိန့်တစ်ခွန်းကြောင့် လူအုပ်စုမှာ ချက်ချင်းပင်ရပ်လိုက်ကြရသည်။

မြင်ဖူးချင်သည်ထိုလူကို ၊ မကြာခနအိပ်မက်ထဲပေါ်ပေါ်လာသော ထိုလူကို ထင်ထင်ရှားရှားကွက်ကွက်ကွင်းကွင်းကိုပင် မြင်ဖူးချင်သည်။ဘယ်လိုပုံစံ ဘယ်လိုသဏ္ဍန်မျိုး ရှိနေသည်ကို မြင်ဖူးချင်သည်။ထိုလူ၏အမိန့်အာဏာမှာ မည်သည်လောက်ကိုကြီးမားသည်ကိုပင် တွေ့ချင်လှသည်။

***************

' I don′t, see the logic of things It′s quite a lonely world that we're living in No baby you are,something special I′m sure Everthing makes total sense when you'd next to me........'

ဆက်တိုက်မြည်နေသောဖုန်းသံကြောင့် နိုးလာရသည်။ခေါင်းရင်းနံဘေးရှိ စာပွဲခုံမှ ဖုန်းကိုလှမ်းယူလိုက်သည်။

SarYar(​ဆြာ)Where stories live. Discover now