Part-13(Unicode/Zawgyi)

661 31 5
                                    

Unicode

" မေမေဒီနေ့ အမှားမဖြစ်အောင်နေပါ မြို့အုပ်မင်းတို့ကဘယ်လောက်ဘဲသားတို့ကိုမုန်းနေပါစေ ကျွန်တော်တို့ဘက်ကကောင်းပြရမယ်မေမေ ကြားလားမေမေ "

" အင် ကြားပါတယ်အေ ၊အားနေငါ့ကိုပြဿနာလိုက်ရှာနေတယ်ဘဲမြင်နေ​ကြလားမသိ "

အခန်းထဲတွင်သားမိနှစ်ယောက်ထိုင်ရင်းစကားပြောနေကြချင်းဖြစ်သည်။မြို့အုပ်မင်းကြီးသည် မေမေ ဖေဖေနဲ့အိမ်ထောင်ပြုကတည်းကမနှစ်မို့ခဲ့။ဘာကြောင့်လဲဆိုတော့မျိုးမြတ်တို့မှာအာဏာမရှိလို့ပေါ့။မေမေရဲ့အဖေက သာမန်နယ်စားမင်းတစ်ဉီးဖြစ်သောကြောင့်ပင်။မျိုးမြတ်တော့ ဂုဏ်ပကာသနတွေအားစိတ်မဝင်စားပါ အဖေရဲ့အသိမှတ်ပြုမှုခံရခြင်းကိုသာမျှော်လင့်နေရသူဖြစ်သည်။ဒါကြောင့် အဖေ​​ပေးသမျှအမိန့်အားလုံးကိုမလွန်ဆန်ရဲပေ။

" သူ့မြေးပြန်လာတော့ ဖြစ်ပျက်နေလိုက်တာများပြောကိုမပြောချင်ဘူး ရိုးရိုးပွဲသေးလုပ်ရင်ရတာဘဲကို ကြီးကြီးကျယ်ကျယ်တစ်မြို့လုံးကချမ်းသာတဲ့သူအားလုံးကိုဖိတ်စရာလိုလို့လား ပိုကိုပိုလွန်းပါတယ် "

" အမေကလဲ မြို့အုပ်မင်းလဲသူမြေးတစ်ဉီးတည်းသောသူပြန်လာတော့ပျော်နေမှာပေါ့လို့ သူ့အပျော်တောင်ကျွန်တော်တို့စီကူးစက်နေတာ "

မျိုးမြတ်ပြုံး၍ပြောလိုက်တော့ အမေဖြစ်သူမှာမျက်စောင်းတစ်ချက်ထိုးလိုက်လေသည်။သားဖြစ်သူစိတ်ထားကောင်းသလောက် သူမတော့မကောင်းနိုင်ပါ သူတို့တွေမေမေတို့အပေါ်ဘယ်လောက်ထိအပြစ်လုပ်ထားလဲဆိုတာငါ့သားမသိပါဘူး။

" မင်းဘာမှမသိသေးတော့ သူတို့တွက်ဝမ်းသာပေးနိုင်တာပေါ့ သူတို့ပိုင်ဆိုင်သမျှအားလုံးဟာငါ့သားရဲ့အပိုင်တွေဘဲ မေမေတို့ဆီကနေလုယူသွားတဲ့အာဏာတွေကိုမေမေတို့ပြန်ယူရမယ် "

ဘာတွေလဲဆိုတာမျိုးမြတ် မသိတော့ပါ။စိုးစက်ကကျွန်တော့်စီကအာဏာတွေပြန်လုချင်နေတယ် မေမေကလဲဒါတွေအားလုံးဟာနဂိုကတည်းကမျိုးမြတ်တို့အပိုင်တဲ့ ဘာဘဲဖြစ်ဖြစ်မျိုးမြတ်တော့ဒါတွေမမက်မောကိုယ်ချစ်မြတ်နိုးတဲ့သူနဲ့ဘဝကို့ဖြတ်သန်းချင်မိတာတော့အမှန်ဘဲ။

SarYar(​ဆြာ)Where stories live. Discover now