Part-15(Unicode/Zawgyi)

699 31 8
                                    

Unicode

" ဓာလီမနေ့ည အဘယ်တွေလျှောက်သွားနေတာတုန်း ဒေါ်ဒေါ်တို့ကိုစိတ်ပူရအောင်လုပ်နေတာဘဲ "

မနက်နေထွက်စပြုလာသည်မို့ ဓာလီ အပေါ်ထပ်မှဆင်းလာခဲ့သည်။အိပ်ယာမှထဖို့ အားအင်တွေမရှိပေမယ့် မနည်းကြိုးစားယူကာထခဲ့လိုက်သည်။မနက်မိုးမလင်းခင် စံအိမ်ကြီးမှအမြန်ပြန်လာခဲ့ရသည်၊ မိုးလင်းလို့မှ စံအိမ်သေးတွင်ဓာလီရှိမနေရင်တရားခံစစ်မေးခံရအုံးမည်။ဓာလီတစ်ကိုယ်လုံးပင်ပန်းနွမ်းနယ်နေပြီ စကားပြောဖို့ပင်မနည်းအားယူနေရသည်။

" ကျွန်တော်ဘယ်မှမသွားပါဘူး..အခန်းထဲမှာဘဲရှိပါတယ်..."

" ဟဲ့..မိခိုင် မနေ့ညကလေငါအစ်ကိုဓာလီကိုလိုက်ရှာရင်းနဲ့...ဘာတွေ့ခဲ့တယ်ထင်လဲ "

" ဘယ်သိမတုန်းဟ...နင်မြင်ခဲ့တာနင်ဘဲတွေ့မှာပေါ့အေ "

" မနေ့ညကလေ အစ်ကိုဓာလီကိုရှာရင်းနဲ့ သခင်လေးကိုတွေ့ခဲ့တာ..."

" အဲ့တာများကွာအထူးဆန်းလုပ်လို့မိဝါရယ်..."

" ထူးဆန်းတယ်ဟ...ထူးဆန်းတယ်...မနေ့ညစံအိမ်ကြီးအပေါ်ထပ်တတ်သွားတော့ သခင်လေးနဲ့ဟိုအကမယ်တို့ဟိုဟာလုပ်နေကြတာ..."

မိဝါ လက်ညိုးနှစ်ချောင်းတို့ထိကာ ပြောနေလေသည်။

" ဘယ်လိုမိဝါ...ဟိုဟာလုပ်နေတာဘာလုပ်နေကြတာလဲ..."

မိခိုင်လည်းစိတ်ဝင်စားလာဟန်တူကာ မိဝါနားတို့ကပ်ကာမေးလာလေ၏။

" ဟိုဟာလုပ်နေကြတယ်ဆိုမှတော့ နမ်းနေကြတာပေါ့..."

" ဟေ ဟုတ်လား..."

" အေဟုတ်တယ်အေး....."

မိခိုင်နဲ့မိဝါပြောဆိုနေသမျှတွေကို အနီးနားမှဒေါ်လေးနှင့်ဓာလီဖြစ်သူကြားနေရသည်။ထိုစကားတွေကြားတော့ဓာလီမျက်နှာပျက်သွားရတော့သည်။မနေ့ညမှောင်လွန်းနေ၍ ဓာလီမျက်နှာကိုမမြင်ဖို့ကိုတာဆုတောင်းနေရတာဖြစ်သည်။ဓာလီမျက်နှာတော်တော်ပင်ပူနေရပီဖြစ်သည်။တကယ်လို့သာ ဓာလီမှန်းသိသွားရင်တော့ဖြစ် ရှက်စရာကိစ္စတွေဖြစ်လာတော့မည်။မျက်နှာတစ်ဖက်လွဲ၍သာ ဓာလီနေနေရတော့သည်။

SarYar(​ဆြာ)Where stories live. Discover now