Part-9(Unicode/Zawgyi)

854 40 1
                                    

Unicode

🚨Warning: ရိုင်းစိုင်းသောအပြုအမှုအပြောဆိုများပါဝင်ပါသည်။🚨

.
.
.

" ကျွန်တော်ခွင့်မပြုနိုင်ဘူး မေမေကြီး....."

" ခွင့်မပြုလဲမေမေကြီးကတော့ ဓာလီလေးကိုခေါ်သွားရလိမ့်မယ်......"

စိုးစက် ' ကျစ် ' တစ်ချက်သပ်၍ ခေါင်းအားအနောက်ဖက်သို့အနည်းငယ်မျှရွေ့စေလိုက်သည်။မေမေကြီးကတော့ ဇာတ်လမ်းစပြီ မရမှာကိုသိသားနဲ့ဇွတ်ဇာတ်လမ်းတွေရှာပြီးကပြီ။စိုးစက်ထိုသူကို ဘယ်လောက်ထိမုန်းလဲဆိုတာသိသားနဲ့ မေမေကြီးကတော့လုပ်ပြီ။

" မရဘူး............"

စိုးစက်သွားတွေကြိတ်ကာပြောလိုက်တော့ မေမေကြီးမှာ စိုးစက်အားမျက်မှောင်ကျုံကာကြည့်လာလေသည်။ကုတင်ပေါ်တွင်ထိုင်နေရာမှထကာ စိုးစက်ထံခြေတစ်လှမ်းချင်းဆီလှမ်းလာလေ၏။စိုးစက်ခါးပေါ်လက်တစ်ဖက်ထောက်ထားကာ ဓာလီထံစိုက်ကြည့်လာလေ၏။ထိုလူဓာလီထံစိုက်ကြည့်လာသည်ကိုသိသောကြောင့် ဓာလီထိုလူထံမှအကြည့်လွှဲရသည်။

ထိုသူဓာလီအား ဘာကြောင့်အမြင်မကြည်တာလဲဆိုတာ ဓာလီစဉ်းစားလို့ကိုမရ။ကိုယ်ကဘာလုပ်နေလို့ ဒီလောက်ထိဓာလီကိုဆက်ဆံနေရလဲမသိ။ကိုယ်ကသူ့ကိုတစ်ခုခုလုပ်ထားတယ်ဘဲထား ဒီလောက်ထိတော့ဓာလီကိုဆက်ဆံစရာမလိုဘူးလို့တော့ထင်တယ်။သေချာတာတစ်ခုကတော့ ထိုလူရူးနေတယ်ဆိုတာပင်။

စိုးစက်ထိုလူသားရဲ့ နှုတ်ခမ်းများထံအကြည့်ရောက်သွားလေ၏။နီရဲပြီးစိုစွတ်နေသောနှုတ်ခမ်းများသည် အနည်းငယ်ဖောယောင်ချင်စပြုနေလေသည်။နှုတ်ခမ်းများမှာသွေးခြေဉမတတ်ဖြစ်နေသည်။ထိုလူဓာလီနှုတ်ခမ်းများအားစိုက်ကြည့်နေသောကြောင့်ဓာလီလျှာဖြင့်နှုတ်ခမ်းတွေအားလျှပ်မိလေတော့သည်။ထိုနေ့ညက ဓာလီနှုတ်ခမ်းများအားအငမ်းမရဖမ်းစုပ်နမ်းရှိုက်ထားသောကြောင့် နှုတ်ခမ်းတစ်ခုလုံးသွေးခြေဉမတတ်ဖြစ်နေရခြင်းဖြစ်သည်။

" မေမေကြီးစကားကိုလွန်ဆန်နေတာလား သားစိုးစက်...."

" ဓာလီလေးကနဂိုကတည်းက စံအိမ်ကြီးရဲ့လူဘဲနွယ်ဒါရှိကတည်းကစံအိမ်ကြီးမှာနေခဲ့ရတဲ့သူ ဒါကြောင့်ဓာလီလေးဟာ စံအိမ်ကြီးနဲ့သက်ဆိုင်သူ......"

SarYar(​ဆြာ)Kde žijí příběhy. Začni objevovat