Part-8(Unicode/Zawgyi)

742 43 7
                                    

Unicode

ထိုနေ့ညထိုအဖြစ်အပျက်ဖြစ်ပြီးကတည်းက ဓာလီထံသူတစ်ခါမှရောက်မလာခဲ့တော့ပေ။ရောက်မလာတာကိုမှကျေးဇူးတင်ရမည် သို့မဟုတ်ရင်ဓာလီသူအားတကယ်ပင်မုန်းမိတော့မည်။

တစ်နေကုန် ဓာလီအခန်းထဲနေရသောကြောင့် ပုံသာဆွဲဖြစ်တော့သည်။ပုံမဆွဲရတာပင်တော်တော်ကြာလှပြီ။ဒီရောက်ကတည်း ပြဿနာပေါင်းဆုံဒိုင်ခံနေရသည်မှာ ဓာလီပင်။

' ဘာဖြစ်လို့များဒီကောင်လေးဆီမှာမှ ပြဿနာပေါင်းစုံဖြစ်နေရသည်မသိ။ ဒုတိယသခင်သခင်မကြီးဆိုသူကလည်း သူမတူအောင်ညည်းပန်းနှိပ်စက်သည်။တတိယသခင်လေးဆိုသူလည်း ထိုနည်း၎င်း လူအားကစားစရာအရုပ်ပမာပြုမှုဆက်ဆံသည် အရင်ကဒီကောင်လေးဘယ်လောက်တောင်ခံစားခဲ့ရမလဲမသိ။ '

ဓာလီစိတ်ထဲတွေးတောနေခြင်းဖြစ်သည်။ဘယ်လိုအကြောင်းအရာတွေများရှိခဲ့ကြသည်မသိ ဓာလီဖြင့်ပို၍စိတ်ဝင်စားလာရလေပြီ။ပြတင်းပေါက်နံဘေးစာကြည့်စာပွဲရှိရာတွင် ခဲတံအားကိုင်၍တွေးတောနေလေသည်။စံအိမ်အပြင်ဘက်ခြမ်းကြည့်လိုက်တော့ တော်တော်လေးကိုပင်ကျယ်ဝန်းလှသည်။ကျွန်းပင်များစွာရှိပြီး လမ်းသွားလမ်းလာပေါ်တွင်လူများရှိမနေကြ။ဓာလီအနည်းကြောက်ရွံ့စိတ်ဝင်လာခဲ့လေတော့သည်။သို့သော် လမ်းသွားလမ်းလာတွင်လူမရှိသောလည်း စံအိမ်ထဲတွင်တော့ အစေခံများစွာမှာမရေမတွက်နိုင်အောင်ရှိကြသည်။ဓာလီအဖို့ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များသည့် အစေခံများမတွေ့ဖူးပေ။

ဒီစံအိမ်ကြီးပေါ်တွင်လျှို့ဝှက်ချက်များစွာရှိနေလေသည်။သမိုင်းအကြောင်းတွင် ဒီလိုအဖြစ်ပျက်မျိုးတစ်ခါမှမကြားဖူးမတွေ့ဖူးပေ။ဤနေရာ ဤအရပ်ဒေသတွင်ကိုယ်တိုင်ရောက်နေသည်ကိုပင် မယုံကြည်နိုင်အောင်ဖြစ်နေရသည်။အာဏာပါဝါတွေ၊လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နက်နေတဲ့ ဒီနေရာဟာဘယ်လိုလဲဆိုတာ ဓာလီသိချင်မိသေးသှ်။

********************

" သခင်မ....တောင်းပန်ပါတယ် သခင်လေးကဝင်ခွင့်မပြုထားလို့ပါ သခင်မ..."

မြတ်မိုး အစေခံများအားတစ်ချက်ကြည့်၍ ငါ့ကိုများတားရဲတယ် ဟူသောအကြည့်ဖြင့်စိုက်ကြည့်လာ၏။အစေခံများသည် သခင်မသူတို့ဘက်လှည့်လာသည်ကိုသိသောကြောင့် မျက်လွှာချခါခေါင်းအားအောက်သို့ ငုံ့စိုက်သွားကြလေတော့သည်။

SarYar(​ဆြာ)Where stories live. Discover now