Part-12(Unicode/Zawgyi)

760 38 7
                                    

Unicode

" စိုးစက် မြေးလေး ၊ငါ့မြေးလေးရောက်လာပြီတော် "

အဖိုးဖြစ်သူမှာ စိုးစက်အားမြင်သည်နှင့်အပြေးလေးလာဖတ်လေသည်။စိုးစက်ပြန်ရောက်နေသည်ကို မနေ့ကမှသိရသောကြောင့်အဖိုးမှာအဖေကိုဆူသေးသည်တဲ့။သူ့မြေးလေးပြန်လာတာ ဘူတာထိသွားရောက်ကြိုမှာခုမူက သူ့ကိုပြန်ရောက်နေတာကိုပမပြောပြရကောင်းလားဆိုပြီဆူသေးသည်တဲ့ သူမြေးစိုးစက်ဖြစ်သူကိုဆူဖို့နေနေသာသာမျက်စောင်းတစ်ချက်ပင်မထိုး။

" ကြည့်ရအောင်ငါ့မြေးလေးဘယ်လောက်ထိတောင်ချောလာရတာလဲ.....ကြည့်စမ်းခန့်ချောကြီးဖြစ်လို့ပါလား "

စိုးစက်ကိုယ်ကို တစ်ပတ်လှည့်ကာဘယ်ကြည့်ညာကြည့်ဖြစ် လှည့်ပတ်ကြည့်နေ၏။

" ဟိုမှာ မိန်းမချောလေးတွေငါ့မြေးလေးကိုတမ်းတမ်းစွဲဖြစ်ခဲ့ကြမှာဘဲ ဟုတ်တယ်မလား "

" ဒါပေါ့အဖိုးကလဲ အဖိုးမြေးဘဲကိုအဖိုးခြေရာတော့လိုက်ရမှာပေါ့ "

" ကဲကြည့်စမ်းစကားတွေလဲတတ်လာလိုက်တာများ "

အဖိုးဖြစ်သူမှာ စိုးစက်ခါးကိုသိုင်းဖတ်၍ဧည့်ခန်းသို့ခေါ်လာစေ၏။ထုံးစံတိုင်း ဒီမြို့မှာရှိကြတဲ့အရာရှိတွေထိုင်ခုံအသီးသီးတွင်ထိုင်နေကြသည်။

" သားစိုးစက်..."

စိုးစက်ကိုမြင်တာနဲ့ ပွေ့ဖက်နှုတ်ဆက်လာကြသည်။ပွေ့ဖက်နှုတ်ဆက်မှုမပြုဘဲတစ်ဉီးတည်းထိုင်နေသူမှာ စိုးစက်အဖေ မင်းစိုးဆြာပိုင်ပင်။မိန်းကလေးတစ်ဉီးတစ်ယောက်မှရှိမနေဘဲ ယောက်ျားသားများသာရှိနေခြင်းဖြစ်သည်။

" ငါတို့မြို့အုပ်မင်းမြေးက ချောလာလိုက်တာကြည့်စမ်း "

" ဟုတ်ပါ့နော်....."

မြောက်ပင့်မြောက်စားလူကြီးဘဲဆိုတော့ စိုးစက်နည်းနည်းတော့သဘောမကျ။ငါ့အဖိုးနဲ့ငါ့အဖေမျက်နှာသာမရှိရင် ချဉ်ဖက်လုပ်မဲ့သူတွေကြီးဘဲ။ငါအာဏာကိုကောင်းကောင်းအသုံးချပြရမှာပေါ့။

" နောင်တတ်လာမဲ့မြို့အုပ်မင်းပေါ့.....ဟုတ်တယ်မလားစိုးစက် "

SarYar(​ဆြာ)Where stories live. Discover now