Part-14(Unicode/Zawgyi)

720 30 9
                                    

🚨 Warning🚨

Unicode

ဓာလီကို မည်သည့်နေရာခေါ်လာသည်မှန်းမသိ မှောင်မည်းနေ၍ရေရေရာရာမမြင်ရ။ဘယ်လိုဖြစ်လို့ သူနဲ့မှလာတိုးနေရသည်မသိ။ဓာလီမှန်းမသိဖို့တာ မျှော်လင့်ရတော့မည်။

" ဒီမှာဘယ်ကိုခေါ်လာတာလဲ...ချပေးပါ...ခုချပေး"

မည်သည့်စကားမှထွက်မလာခဲ့ လှေကားပေါ်တစ်ဆင့်ခြင်းတတ်ပြီးအခန်းတစ်ခန်းသို့ဝင်မည်အပြု။ဓာလီအကြောက်အလန့်ရုန်းမိတော့သည်။ဒီလူဘာကြံစည်နေပြန်ပီလဲမသိ။ဓာလီဒူးဖြင့် သူ့ဝမ်းဗိုက်အားတစ်ချက်ဆောင့်ကန်လိုက်တော့ ဓာလီကိုအောက်သို့ပြစ်ချလာ၏။

" ခင်ဗျားသေချင်နေတာလား...ဟမ်....."

အရက်နံ့တွေကထောင်းနေတာဘဲ။ဓာလီဖြင့်သူ့နားကပ်သည်နှင့်မူးဝေလာရသည်။ခန္ဓာကိုယ်လည်းအနည်းငယ်ယိုင်နေလေသည်။ဘယ်လောက်တောင်သောက်ပြစ်ထားသည်မသိ ဓာလီတွက်တော့အခွင့်အရေးပင်။

ဓာလီသူ့လက်မှလွတ်မြောက်သည်နှင့် ပြေးဖို့ထွက်ပေါက်ရှာတော့သည်။ဓာလီလွတ်အောင်ပြေးရမည်။မဟုတ်ရင်မလွယ် ဓာလီရုပ်ဖျက်ထားမှန်းတာသိသွားခဲ့လျှင်တော့လွတ်လမ်းရှိမည်မဟုတ်။ဓာလီလဲကျနေရာမှ အမြန်ကုန်းရုန်းထကာသူ့ထံမှအဝေးသို့ပြေးတော့သည်။ဓာလီပြေးတော့သူထိုနေရာတွင်သာရပ်နေသေး၍ ဓာလီနောက်တော့လိုက်မလာခဲ့။

ဟူး......တော်သေးတာပေါ့.....

" ခင်ဗျားဘယ်ကိုပြေးချင်တာလဲ...ပြေးစမ်းပါ...ကြည့်ကြသေးတာပေါ့ "

ဓာလီခြေလမ်းကျဲတွေနဲ့သာ ပြေးနေတာဘယ်ကိုရောက်လို့ရောက်နေမှန်းမသိ။စံအိမ်ကြီးကတော်တော်ကြီးတော့ လမ်းတိုင်းကလည်းတူတူဖြင့်နေသလိုပင်။ဓာလီပြေးနေသည်မှာမောလာ၍ ခေတ္တမျှရပ်နားလိုက်တော့သည်။ထိုလူလဲလိုက်မလာတော့ဘူးဆိုတော့ ရပ်နားလိုက်လေ၏။

" ဟဲ...အမလေး...မောလိုက်တာ...ဘယ်နေရာရောက်လာတာလဲမသိဘူး.....လမ်းကနှစ်ခွ ငါဘယ်လမ်းသွားရမှာလဲ..."

ဓာလီရောက်နေသည့်နေရာသည် စုံမှတ်ဖြစ်သည်။ဘယ်ဘက်ကိုသွားရမည်မသိ ဘယ်ဘက်လားညာဘက်လားမသိတော့ပေ။

SarYar(​ဆြာ)Where stories live. Discover now