8

520 38 4
                                    

" ........MUFL-Mail-box. ...
......ဒီထဲက ကလေးလေးအကောင့်ကို သိချင်လို့တဲ့
......ပြင်သစ်မေဂျာကလို့ ပြောထားပါတယ် ။ သိတဲ့သူတွေ မန်းရှင်းပေးလိုက်ကြပါဦး ။ နောက်ပြီး..
ပုဂံရဲ့ညနေ ဆည်းဆာက သိပ်ကို နွေးထွေးတယ် လို့လည်း ပြောသွားပါတယ်ဗျ.....''''''

စာအောက်တွင် ကားနားရပ်နေသော လိုတပုံ ပါလာသည် ။ ကားတက်ခါနီးအချိန်ဖြစ်လိမ့်မယ် ။ ဘယ်အချိန်က ရိုက်ထားသလဲဆိုတာတော့ မသိလိုက်ချေ ။

ပိုင်ရှင် ဖုန်းကြည့်နေတုန်း ထို post ကို မြင်လိုက်သည် ။ ကျောင်းကကိ္စ္စ အကုန်နီးပါး like လုပ်ထားသော သူမသည် ယခုအခါတွင်လည်း just now နှင့်တိုးနေသည် ။ ည ၁၁ နာရီ ရှိပြီဖြစ်သောကြောင့် အခန်းမီးများပိတ်ထားပြီဖြစ်သည် ။ ဟိုဘက်ကုတင်မှ လိုတသည်လည်း earphone တပ်ကာ ဇာတ်ကားကြည့်နေသည် ။ ပိုင်ရှင်က လိုတဘက်ကို လှည့်ကြည့်ရင်း ခေါ်ရကောင်း မခေါ်ရကောင်းဖြစ်နေသည် ။

" ဟေ့ ဟေ့...လိုတ... ''

စကားသံကြားသောကြောင့် လိုတက နားကြပ်ကို ဖြုတ်ပြီး ပိုင်ရှင်ဘက် လှည့်ကြည့်လိုက်သည် ။ 'အွန်'ဟူသော အသံတစ်ချက်သာပြုလိုက်ပြီး... သူနားထောင်နေသည် ဆိုသည့်သဘော....

" မင်း Mail-box မှာ ပါလာတယ် ဖွင့်ကြည့်လိုက်... ''

Mail-box တို့ခေတ်စားလာတော့ ကောင်လေး ကောင်မလေးများက တစ်နေရာမကျန် ro ကြပြန်ရော ။ ဘုရားလဲ ဘုရားမို့ ။ ကျောင်းလဲကျောင်းမို့ ...ရည်းစားစာ လိုက်မပေးသော ခေတ်ရောက်လာတော့ ဖုန်းနှင့်တစ်ဖုံ ။ ခုကျပြန်တော့ pg ကို
Intermediary လို သဘောထားပြီး Roကြပြန်ပြီ ။ pgကလည်း စေတနာ ဗလပွနှင့် မြှားနတ်မောင်တွေ မြှားနတ်မယ်တွေ အခမဲ့ လုပ်ဆောင်ပေးသည်လေ ။ အများပြောသလို FA ဆန်သော လိုတက ထိုလို pg မျိုး Like မလုပ်ထားပါချေ ။ ယခုတွင် သူ့ထံ mail-box မှ ချစ်သဝဏ်လွှာမမည်သည့် ရည်းစားစာလိုလို ဘာလိုလို ရောက်ရှိလာသည်လေ ။

ပိုင်ရှင်က '' ငါ mention လိုက်ရမလား '' ဟုမေးလာသည် ။

လိုတ line ဖွင့်ပြီး mail-box ကို ရှာကြည့်လိုက်တော့ မိနစ်အနည်းငယ်က post တစ်ခုကို တွေ့ရလေသည် ။

'ပုဂံရဲ့ ညနေဆည်းဆာက သိပ်ကိုနွေးထွေးတယ် ' ထိုသူမှာ တစ်ခြားမဖြစ်နိုင် ထိုအမျိုးသမီးသာ ဖြစ်လိမ့်မည် ။
Comment box တွင် သူ့ကို မန်းရှင်းထားသော ပိုင်ရှင့်အကောင့် ။ ပြောတာတောင် နောက်ကျနေဦးမည် ။ သူ mention ပြီး မကြာခင် သူ့friend request မှာ 1 ဟု ပေါ်လာသည် ။

Love Is RainbowWhere stories live. Discover now