17

411 29 1
                                    

နေ့လယ်ခင်း ထမင်းစားချိန် ညောင်ပင်ရိပ်အောက်တွင် အဂ်လိပ်မေဂျာက လုပ်ပေးထားသော စားပွဲဝိုင်းလေး ။ ကျောင်းမျက်နှာရှေ့ဘက်ရှိ မြေကက်လပ်တွင် ဘာသာစကား ဥယျာဥ်ငယ်လေး ရှိသည်လေ ။ အဂ်စာမေဂျာက ေညာင်ပင်ရိပ်အောက်ကနေရာရပြီး ရှိတ်စပီးယား ရုပ်ထုသေး နှင့် သက်တံ့တံတားကို လုပ်ထားသည် ။ ေညာင်ပင်တွင်လည်း motivation message လေးတွေ ချိတ်ဆွဲထားသည် ။

ဆံပင်ညှပ်ပြီးကတည်းက ပိုင်ရှင် သူ့ကို အရိပ်ပင် အပျောက်မခံဖြစ်နေသည် ။ ဘာသွားသွား မျက်စိဒေါက်ထောက် ကြည့်နေတတ်သည် ။ ဘာလုပ်လုပ် မေးနေတတ်သည်လေ ။ ကျောင်းမှာလည်း သူ့နားသာ ပိုကပ်နေသည် ။ ကိုနွားကြီးလာတာတောင် သူ့ကို စိတ်မချသည့်ပုံနှင့် ပြောဆိုတတ်သေးသည် ။ ဆံပင်ညှပ်လိုက်လို့ ကံများ ပြောင်းသွားသလား ။ ခုလည်း အိမ်က ဖုန်းဆက်လာသည်ကို လှမ်း စပ်စုနေပြန်သည် ။

" ဟုတ်.........အမေရော အဖေရောလား...... အာ.....သမီး ဒီတစ်ခါ ကျောင်းပိတ်ရင် ခဏ ပြန်ခဲ့မလို့ပဲ........အွန်.....သူ စာမေးပွဲဖြေပြီးမှပဲ အေးဆေးလာခဲ့ကြတော့လေ.....စာလား....လိုက်နိုင်ပါတယ်..... ဒါဆို...ဒါပဲနော် ''

အမေက လိုတထံ ဖုန်းဆက်လာသည် ။ မောင်လေးကို မျက်စိကုဖို့ ထီးဆောင်းကို သွားမယ်ဟု ပြောသည် ။ သူငယ်အိမ်စောင်းချင်သလိုဖြစ်နေသောကြောင့် မျက်စိအထူးကုထံ ပြဖို့ ဆရာဝန်က ညွှန်ကြားခဲ့သောကြောင့်ပင် ။ လိုတ အိမ်ကို ဖုန်းဆက်ချိန် တစ်ချိန်တည်းရှိသည် ။ ပိုက်ဆံကုန်တဲ့အချိန်ပေါ့ ။ အာလာပ သလာပ မပြောချင်သည်မှာ သူ့မိသားစုကိုပင် ဖုန်းမဆက်သည်အထိ ။ အိမ်မပြန်ဖြစ်တာလည်း တစ်နှစ်ကျော် ရှိပြီဖြစ်သည် ။ အမေတို့တောင် သူဖုန်းဆက်ရင် ပိုက်ဆံလိုပြီဖြစ်ကြောင်းပင် သိနေလေပြီ ။

အိမ်ကလူတွေလည်း သူ့မျက်နှာ ဘယ်လိုဘယ်ပုံရှိနေမလဲ ဆိုပြီး ပြန်လာဖို့ ခေါ်သည် ။ သင်တန်းတက်စရာရှိသေးတယ်ဆိုပြီးပင် မန္တလေးမှာသာ နေဖြစ်သည် ။ သူ အိမ်ပြန်ရမှာ မျက်နှာပူသည် ။ အိမ်မှာနေတုန်းက ဆံပင်ကို စည်းထားလို့ရတဲ့ထိ ထားခဲ့သည် ။ မနက်တိုင်း သနပ်ခါးလိမ်းရသည် ။ လိုတ ခေါင်းလျှော်ရမှာ ပျင်းသလို ၊ သနပ်ခါးသွေးရမည်ကိုလည်း ပျင်းသည်လေ ။ မပြန်ဖြစ်သည့်အကြောင်းများက သူ့စိတ်သူ မလုံ၍ပင် ။

Love Is RainbowWhere stories live. Discover now