26(Final-1)

1K 38 4
                                    

လူတွေက အချိန်တွေ ရှိပါသေးတယ်ဆိုပြီး အချိန်တွေ ဆွဲနေတတ်တယ် ။
ကိုယ့်လက်ထဲမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အချိန်ကို ပြောကြည့်ပါလား ။
ွ.
.
.
ပိုင်ရှင် ကျောင်းအကျီလဲဖို့ရာ ကျောပိုးအိပ်ကို ဖွင့်နေသည် ။ ဖွင့်ပြီးမှ မဟုတ်သေးမှန်းသိကာ ချိတ်တွင် ချိတ်ထားသော အိမ်နေရင်း အကျီကို ဝတ်လိုက်သည် ။ သူ ကုတင်ပေါ်တွင် ထိုင်ပဲ ထိုင်ရမလို ။ လှဲပြီးပဲ အိပ်နေရမလို ။ မျက်လုံးထဲတွင်တော့ လိုတ၏ စွဲဆောင်မှုရှိသော မျက်နှာကိုသာ မြင်ယောင်နေသည်လေ ။ နှုတ်ခမ်းတို့ကို လက်သည်းရှည်ရှည်တို့နှင့် တို့ထိကာ ပိုင်ရှင့် မျက်စံတို့က တောင်မြောက် ရွေ့လျားနေသည် ။ နွေးအိသော နှုတ်ခမ်းတို့ ထိကပ်သွားခဲ့သည်ဖြစ်ရာ ထိုနေရာလေးသည် အနွေးဓာတ် ကျန်နေသေးသယောင် ။

" ငါ ချစ်တာ နင့်ကိုပဲ ''

ဆိုသော စကားကို ထပ်တလဲလဲ ကြားယောင်နေပြန်သည် ။ ထိုသို့ဆိုသော လိုတ၏ မျက်ဝန်းများသည် အားငယ်နေသယောင် ။ ဝမ်းနည်းပုံပေါက်နေသည် ။ ပိုင်ရှင်လည်း စကားတို့ မဆိုခဲ့နိုင် ။ ကြောင်အနေမိသည် ။ သူ ဆုပ်ကိုင်သွားသော နေရာလေးကို လက်ဖြင့် ပွတ်သပ်မိပြန်သည် ။ အသံပြင်းပြင်း ရှူထုတ်လိုက် ရှူသွင်းလိုက်ဖြင့် စိတ်နှလုံးတို့ တုန်လှုပ်နေမိသည် ။

တုန်လှုပ်နေသော နှလုံးရှိရာသို့ လက်ဖြင့်ဖိကာ ထိုအခြေအနေကို ပြန်သုံးသပ်နေမိသည် ။ လိုတ ချစ်နေမှန်း သူသိသည့်တိုင် လျစ်လျူရှုခဲ့သည် ။ အနေနီး၍သာ သူများထက် သံယောဇဥ်ပိုတာ ဖြစ်မည်ဟု တွေးထင်ခဲ့သည် ။ ယခုတော့ လိုတ မမူးဘဲ ပြောသည့် 'ချစ်တယ် ဆိုသည့် စကားကို လျစ်လျူရှု၍ မရတော့ပေ ။ သူ ကိုယ်တိုင် ကြည်နူးမှုနှင့် ခုန်နေခဲ့သော နှလုံးသားကိုလည်း မလိမ်နိုင်တော့ပေ ။

သူ့ကို ပြုစားခဲ့သူကတော့ အခန်းထဲတွင် မရှိတော့ ။ ချစ်တယ် လို့ ပြောပြီးချင်း အခန်းထဲမှ ထွက်သွားခဲ့သော လိုတကို သူ မတားခဲ့နိုင် ။ ပိုင်ရှင်ကိုယ်တိုင် ဘယ်လိုစိတ်နှင့် မျက်နှာချင်းဆိုင်ရမယ်မှန်း မသိသေး ။ အပြင်ဘက်တွင်တော့ အပြာနက်ရောင် ကောင်းကင်ကြီးနှင့် ညမီးရောင်တို့ ထွန်းလင်းလာချေပြီ ။ ပိုင်ရှင်က ရေချိုးခန်းထဲသို့ သွားကာ မျက်နှာကို ရေခွက်ထဲ စိမ်ထားလိုက်သည် ။ ဆောင်းတွင်းရေမို့ ရေသည့်တိုင် သူ့မျက်နှာပေါ်က ပူလောင်ခြင်းတို့ကို ယူဆောင် မသွားပါချေ ။

Love Is RainbowWhere stories live. Discover now