19

416 31 2
                                    

တက္ကသိုလ်ဆိုမှာ စာသိပ်ကျက်စရာမလိုဘူးဆိုတာ တစ်ဝက်တော့မှန်သည် ။ အပျော်လဲ ပေါသလားမမေးနှင့် ။ ဒီဇင်ဘာလမှစ၍ ကျောင်းပိတ်ရက်တွေ ပွဲတော်တွေမှာ အများအပြား ။ နောက်တွင် အားကစားပွဲတွေ ကြက်တောင်ရိုက်ပြိုင်ပွဲ ၊ ဘောလုံးပြိုင်ပွဲ ၊ ခြင်းခတ် ၊ ယဥ်တစ်ကိုယ်မယ်ပွဲ ၊ စာပေဟောပြောပွဲ ၊ ဗိုလ်ချုပ်မွေးနေ့ ၊ လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့ ၊ ဘာသာပေါင်းစုံ မုန့်ရောင်းပွဲ ၊ the whole welcome .....ပွဲပေါင်းများစွာနှင့် စာသင်ချိန်ဆို လုသင်ရသည်အထိ ။

တက္ကသိုလ်ပျော်စရာကောင်းတယ်ဆိုတာတော့ လက်ခံလိုက်သည် ။ စာကျက်စရာမလိုဘူးဆိုတာကလည်း တက္ကသိုလ်ကျောင်းသားတွေက စည်းလုံးကြတယ်လေ ။ မန္တလေး မိန်းကျောင်းမှ ခွဲထွက်ခဲ့တာ မကြာသေးသောကြောင့် အသင်း club တွေကတော့ လူသိမများသေးပေမယ့် စာပေကလပ် ၊ music club ၊ ကျောင်းသားသမဂ္ဂတို့က လည်ပတ်ဆဲ ။ ဓမ္မစကြာအသင်းလဲ ရှိသေးသည် ။ ယခုကျောင်းသားသမဂ္ဂက ကျောင်းတွင်းတွင် ATM ထားပေးဖို့ ပါချုပ်ကြီးကို အဆိုတင်သွင်းထားသည်တဲ့ ။

ခုလည်း ပြင်သစ်မေဂျာနှင့် အဂ်လိပ်မေဂျာက ကျောင်းသားများ မရှိပါချေ ။ ဘာကြောင့်ဆို အဂ်လိပ်မေဂျာနှင့် ပြင်သစ်မေဂျာ မိန်းကလေး ဘောလုံးပြိုင်ပွဲကြောင့်ပင် ။ ဆရာမကတော့ သင်ရိုးညွှန်းမပြီးမှာ စိုးသည့်အတွက် အိမ်စာများ ပေးလိုက်သေးသည် ။ နောက်တွင် အားလုံးက မန္တလာသီရိ အားကစားကွင်းသို့ သွားရောက် အားပေးကြတော့မည် ။ တစ်ချို့သူများကလည်း ဆိုင်ကယ်မရှိ၍ မသွားတော့ဟုဆိုကာ ကျောင်းခန်းထဲမှာပင် နေရစ်ခဲ့ကြသည် ။ လိုတကတော့ ထိုညနေ တစ်ခုလုံး အတန်းမတက်ရချေ ။

ပြင်သစ်နှင့် အဂ်လိပ်ဆိုသည်မှာ အမြဲစောင်းချိတ် နေသည့်အမျိုး ။ တကယ့်နိုင်ငံမှာသာမက MUFL မှာပါ မတည့်ကြသူ နှစ်ယောက် ။ သူငယ်ချင်းတစ်ယောက်ချင်း ခေါ်ပြောကြသော်လည်း ယခုလို ပြိုင်ပွဲဆို သူသူကိုယ်ကိုယ်ပဲလေ ။ အဂ်လိပ်မေဂျာက ကောင်တွေက စာမှစာလူမျိုးများသည် ။ diploma သင်တန်းတွေ ဖွင့်တိုင်း အဂ်လိပ်စာမေဂျာကို လူ ၁၅၀၀လောက် form ဝယ်ကြသည် ။ ပြောမယ်ဆို အဂ်လိပ်စာမေဂျာက အနောက်တိုင်းဘာသာတွေထဲတွင် အဌေးဆုံးဖြစ်သည် ။ သင်ထောက်ကူ အစုံရှိပြီး အခန်းတွင်းစာကြည့်တိုက်လေးပါ လုပ်ထားလိုက်သေးသည် ။ program တွေ seminar တွေ တော်တော်သိတဲ့ မေဂျာ ။ စာတအားလုပ်တဲ့မေဂျာ ။

Love Is RainbowWhere stories live. Discover now