18

404 27 6
                                    

" ခုလည်း ကျုံးဘေးသွားဦးမယ်ပေါ့ ''

ဆို်င်ထိုင်ချိန်တွင် ဝတ်ဆင်ထားသော အဝတ်တို့ကို ချွတ်ကာ ေပါ့ပေါ့ပါးပါးဖြစ်မည့် အားကစား အားကစားဝတ်စုံကို ဝတ်ဆင်နေသော စေကို ကြည့်ကာ ပြောလာသည် ။ စေက ဆံပင်တို့ကို ဖြန့်ချရင်း ေခါင်းပြန်ဘီးနေသည် ။ ခေါင်းစည်းကွင်းက နှုတ်ခမ်းနှင့် ညှပ်ထားသောကြောင့် မငယ်စကားကို ပြန်ဖြေမအားသေး ။ ဆံနွယ်စတို့ကို တစ်စမကျန် ဖိသပ်ရင်း

" ကျန်းမာရေးလေ... လမ်းလျှောက်တာ သွေးလည်ပတ်မှု ကောင်းတယ်မလား ''

" ... အဆော်ကင် လော်ကေးနဲ့ အကျော်ကုံး ဘော်ကေး သွားတာ ကျန်းမာရေးအတွက်လား ငါ မယုံပေါင် ''

" ဘယ်က အဆော်ကင်တုန်း... ''

" ငါ့ကို လာဝါးမချနဲ့ ညဥ်းနော်... ဟိုတစ်လော ရုံးပိတ်ရက်တုန်းက လာတဲ့သူက ပုဂံက အဆော်ကင်လေးမလား ''

" ဟားဟား..... မငယ်ကတော့လေ အားလုံးသိနေတော့တာပဲ ''

စေက နှုတ်ခမ်းနီ ပန်းရောင်လေးကို အရောင်ပြန်တင်လိုက်ရင်း ဆိုသည် ။

" ညဥ်းက ဘာဖြစ်လို့ သူ့ကြိုက်နေရတာလဲ... သူက အစောင်ကစ်လဲ မဟုတ်ဘဲနဲ့ ''

ဆိုင်မှန်တွင် ပေါ်နေသော မငယ်၏ မျက်နှာကို ကြည့်ရင်း နားလည်ပြုံး ပြုံးလိုက်သည် ။ မငယ်၏ မျက်နှာမှာ သူ့အား နားမလည်တော့ဟန် ။

" သူ့ကို ကြိုက်တယ်လို့ပြောရင် မှားလည်းမမှားသလို မှန်လည်း မမှန်ပြန်ဘူး ။ သူ့ကို စတွေ့တုန်းကတော့ သာမန် Tomboy လေးလို့ပဲ သဘောထားခဲ့တာ ။ ....နောက် တိုက်ဆိုင်မှုတွေ မတော်တဆတွေကြောင့် သူ့ကို စိတ်ဝင်စားခဲ့တာ...သူ့ကို စိတ်ဝင်စားခဲ့တာက အစစ်တွေ အတုတွေလို့ တွေးမနေခဲ့ဘူး... ပထမတော့ သူနဲ့ ဘယ်လို စပြီး မိတ်ဆက်ရမယ် မသိဘူး ။ ပထမဆုံးခြေလှမ်းတွေက ခက်တယ်လေ...ခင်လာတော့လည်း သူက ချစ်ဖို့ကောင်းတယ်... စတွေ့တုန်းကဆို စကားသိပ်မပြောတတ်ဘူး စေ ပိုက်ဆံရှင်းမယ်ဆို သူက ဖျော်ရည်တစ်ဘူးလောက်သာ သောက်တယ်...နောက်ပြီး သူကိုယ်တိုင်ကလည်း စေ့ကို အစ်မတစ်ယောက်လိုပဲ သဘောထားတာတဲ့လေ... ဘယ်လိုတောင်မှနော်..... ''

Love Is RainbowWhere stories live. Discover now