9

504 29 0
                                    

" မှာလေ... ဘာစားမလဲ...တို့ ဒကာခံပါရစေ ''

နန်းရှေ့စျေး မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်တွင် ထိုင်ဖြစ်ကြသည် ။ မုန့်ဟင်းခါး ၊ ခေါက်ဆွဲ ၊ ဆီချက် ၊ လက်ဖက်ရည် အစုံ့အစုံနီးပါး ရသည်လေ ။ ၁၉ လမ်း စျေးကြီးမှာလည်း စည်စည်ကားကားနှင့် ။ လိုတ လက်ဖက်ရည်တစ်ခွက်သာ မှာလိုက်သည် ။
သူမကတော့ တိုဖူးနွေး မှာသည် ။

" ကောင်လေး...လက်ဖက်ရည်တစ်ခွက် တို့ဖူးနွေးတစ်ပွဲ ကြက်သွန်ကြော်မထည့်နဲ့ ''

သူမကပင် ကိုယ်တိုင်မှာပေးသည် ။

" ဟုတ်ကဲ့ဗျ... လက်ဖက်ရည်က ဘယ်လိုဖျော်မလဲ ''

" ဖန်ချိုပဲ...''

" နောက် ပေါက်ဆီတစ်ပွဲချပေးပါ ''

ကောင်လေးက tea ဆရာအား လှမ်းမှာနေသည် ။ လက်ဖက်ရည်ဆိုင်အတွင်းမှာလည်း အသံတို့ညံနေသည် ။
နှစ်ယောက်ကြားလေထုကတော့ တိတ်ဆိတ်လျက် ။ စကားရှာမရတာ ဖြစ်လိမ့်မည် ။

" ဟို...တို့ကိုတော့ သိတယ်မလား ''

သူမကစ၍ စကားစလာသည် ။ သူမပုံစံမှာလည်း လမ်းပျောက်နေသည့်နှယ် ။

" မြင်တော့ မြင်ဖူးပါတယ် ''

လိုတ အမှန်အတိုင်းပင်ဖြေလိုက်တယ် ။

" နဲနဲ ရူးကြောင်ကြောင်မနိုင်ဘူးလား ''

လိုတ သူမမျက်နှာကို မော့ကြည့်ရင်း ပြုံးပြသည် ။ သို့သော် သူလဲ ဘာပြန်ပြောရမှန်းမသိသောကြောင့်သာ ။ ဘေးဘီကို ဝဲကြည့်လိုက် ၊ Tea ဖျော်တဲ့နေရာ လှည့်ကြည့်လိုက်နှင့် လိုတ အနေရခက်နေသည် ။
ခဏအကြာ သူတို့ဝိုင်းထံ တို့ဖူးပူပူနွေးနွေးနှင့် လက်ဖက်ရည်တစ်ခွက် ချလာသည် ။ ပေါက်ဆီနှင့် ဆော့ ပုလင်းကိုလည်း လာချပေးပြီးပြီ ။

သူမလဲ ကိုယ့်ဖာသာ တို့ဟူးနွေးစား ၊ ကိုယ်လဲ လက်ဖက်ရည် သောက်နေလိုက်သည် ။ ဆိုင်ရှေ့တွင် တရုတ်နိုင်ငံက ကျောင်းသားများ အီကြာကွေးဝယ်နေကြသည် ။ သူတို့အသံထွက်မှာ ရယ်စရာကောင်းသည်ဟုထင်သည်။ မြန်မာစကား ပီပီသသထွက်ဖို့ရန်မှာလည်း ခက်သည်လေ ။ တရုတ်လည်း ဘာထူးလဲ ။ Z, Q ,S ,Zhi ,Shi ,Xi နှင့်ပင် တိုင်ပတ်အောင် ထွက်ရသည် ။ တို့ဖူးနွေးစားလိုက် ဟင်းရည်သောက်လိုက်နှင့် အိုက်လာပုံရသည် ။ သူမ၏ အားကစားအကျီလက်ရှည်ကို ချွတ်လိုက်ပြီး ဘေးက ထိုင်ခုံပေါ်တွင်တင်လိုက်သည် ။ အဖြူရောင် T-shirt က ကိုယ်နဲ့ကပ်ကပ်ရပ်ရပ် ။ လိုတ ရင်ဘတ်က တစ်နေရာကို ဖျတ်ခနဲ ကြည့်မိသွားသည် ။ တော်တော် အဆင်မပြေသည့် မြင်ကွင်းပင် ။

Love Is RainbowWhere stories live. Discover now