13

436 31 0
                                    

" ဆရာပြောတာ တကယ်တော့ ဘီလူးမကြီးဇာတ်လမ်းက တကယ်မရှိဘူးတဲ့ ။ ဘုရားဟောတဲ့ ၅၅၀ နိပါတ်တော်တွေထဲမှာ မတွေ့ရဘူးတဲ့ ။ ဒါကြောင့် ဒါဟာ မင်းဧကရာဇ်တွေရဲ့ ပညာရှိတဲ့ လှည့်စားမှုတဲ့ ''

လိုတ ဆက်ပြောပြီး ရေကို မော့သောက်ပြန်သည် ။ သူ မှတ်မိသည်များကိုသာ ပြောနေသောကြောင့် မန္တလေးတောင် အကြောင်းဆီ ရောက်မလာ ။ ဘီလူမကြီးအကြောင်း ပြန်ပြောရအောင်လည်း နာမည်မသိသောကြောင့် အစချီမရတော့ ။

လှေကားကိုသာ ဖြေးဖြေးမှန်မှန် တက်လာလိုက်သည် ။ ဘေးက သူမကတော့ တဖန် တိတ်ဆိတ်လျက် ။ လိုတက ေအးဆေး တက်သွားသော်လည်း သူမကတော့ညမောပန်းနေဟန်ရှိသည် ။ ထို့ကြောင့်

" ဟိုနားလေးရောက်ရင် ခဏ နားရအောင်လေ ''

". ..'' ခေါင်းလေးကိုသာ တဆတ်ဆတ်ငြိမ့်ပြလာသည် ။ ပါးစပ်ကလည်း တရှူးရှူး အသံထွက်နေသည်လေ ။ ရေနွေးအိုးလေးလိုပဲ.....

တောင်တက်တစ်လျှောက် ဆိုင်တန်းတွေနှင့် ပြည့်နေသည် ။ မြန်မာ့လက်မှု ပစ်တိုင်းတောင် ၊ ဖိုးဝရုပ် ၊ ဆင်ရုပ်များ ရောင်းချသောဆိုင်အမြောက်အမြားရှိသည် ။ အုန်းသီးကိုမှ မျောက်က အုန်းသီးကိုင်ထားပုံ ဖော်ထားသည်မှာလည်း creative ဖြစ်လှသည် ။ အမှတ်တရ အကျီဆိုင်များ ၊ လက်ကောက်လှလှလေးများ ၊ မန္တလေးတောင်နှင့်ပတ်သတ်သော အနုပညာလက်ရာများ ၊ ပန်းချီများနှင့် ကြည့်လို့မဆုံးအောင် ရှိနေသည်လေ ။

" ဟူး.....မောတာ ''

ထိုင်လိုက်ကာမှ အသံထွက်လာသည် ။ ေတာင်တက်တာ တစ်ဝက်ရောက်နေပြီ ဖြစ်သည် ။ လိုတ သူ့ရေဘူးကို သူမထံ ကမ်းပေးလိုက်သည် ။ သူမဘေး တစ်မီတာ အကွာမှ ထိုင်လိုက်သည် ။ သူမက အနည်းငယ်သာ ကျန်တော့သော ရေဘူးကို ကြည့်ပြီး လိုတထံ လှမ်းကြည့်လာသည် ။

" ကျွန်တော် ပါးစပ်နဲ့ ထိမသောက်ထားပါဘူးဗျာ... စိတ်မသန့်ရင် ကျွန်တော် အသစ်သွားဝယ်လိုက်မယ်လေ ''

" နေ...နေ...နေ....နေပါ ''

အလျင်အမြန်ထသွားသော လိုတကို သူမလည်း မြန်မြန်တားလိုက်ရသည် ။ သူမ စိတ်မသန့်လို့မှ မဟုတ်ပဲလေ ။ သူမ ရေဘူးကို ဖွင့်ကာ အနည်းငယ် သောက်လိုက်သည် ။ လှုပ်ရှားသွားသော လည်ဇလုတ်လေးက အပေါ်အောက် စုံဆန်နေသည် ။

Love Is RainbowWhere stories live. Discover now