Unicode
ဘုတ်!
"အ့!ခဗျား လူတစ်ယောက်လုံးမမြင်..."
Jungkookပြောမယ့်စကားတွေကိုထိုလူ့မျက်နှာကိုမြင်တာနဲ့လည်ချောင်းမှာတင်တစ်ဆို့သွားရတော့သည်
Oh!!စောက်ရမ်းချောတယ်အာညီးစောက်ရမ်းလှတယ်ကွာ!!
Jungkookစိတ်ထဲကနေရေရွတ်လိုက်ရင်းထိုလူ့မျက်နှာကိုခဏတာငေးကြည့်နေခဲ့မိသည်
"တောင်းပန်ပါတယ်နော်အရေးကြီးနေလို့ပါ"
"ဟင်..ရပါတယ်ကျွန်တော်ကသာတောင်းပန်ရမှာပါဆရာ့ကိုအော်မိလိုက်တာလေ"
"ဆရာကစတိုက်မိတာပဲဟာဆရာကပဲတောင်းပန်ပါတယ်"
"ဟုတ်ဟုတ်"
"ဒါဆိုသွားတော့မယ်"
ထို့နောက်ဆရာထွက်သွားခဲ့သည်
ဆရာသူ့ကိုမမှတ်မိပုံရသည်မို့jungkookအနည်းငယ်၀မ်းနည်းသွားရသည်
သူကတော့အဲ့မျက်နှာလေးကြောင့်အိပ်တောင်မပျော်ခဲ့တာကို။______________________________
"ဟျောင့်!jungkookမင်းဘာတွေဖြစ်နေတာလဲ"
ခုံတန်းလေးမှာထိုင်နေတဲ့jungkookဘေးကိုလာထိုင်သည့်yoongi
"ဘာမှမဖြစ်ပါဘူးyoongiရာ...ဟူးးး"
"မင်းသက်ပြင်းချတာကြီးတာကလဲငါတောင်လွင့်ထွက်သွားမလားပဲ
ကဲ..ပြောဘာဖြစ်နေတာလဲငါသိတယ်မင်းတစ်ခုခုဖြစ်နေတာ"Jungkookလဲဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့yoongiကအံ့သြနေဟန်
အင်းပေါ့လေသူ့လိုလုံး၀straightကြီးကယောကျာ်းလေးဖြစ်တဲ့ဆရာ့ကို
ချစ်မိသွားလိမ့်မယ်လို့ဘယ်သူထင်မှာလဲ..."ကဲjungkookစိတ်ညစ်မနေနဲ့ဟိုမှာyoonheeလာနေပြီ"
Yoonhee..
တစ်ကျောင်းလုံးကqueenဖြစ်သလိုအရမ်းလဲလှသည်
သူကjungkookကိုကြိုက်နေခြင်းပင်သို့သော်jungkookကစိတ်မ၀င်စား
Yoonheeကတော့လိုက်ကပ်တွယ်နေတာကြောင့်တစ်ကျောင်းလုံးကသူတိူ့ကိုတွဲနေတယ်လို့သာထင်နေကြသည်လေ
Jungkookကဂရုမစိုက်ပေမယ့်Yoonheeကတော့အဲ့သတင်းကြားတော့မျက်နှာကြီးဖြီးနေတာများjungkookကြက်သီးတောင်ထသည်