Unicodeရုံးခန်းထဲတွင်taehyungထမင်းစားဖို့ပြင်နေတုန်း ထွက်ပေါ်လာတယ့်တံခါးခေါက်သံ
"ဒေါက် ဒေါက်!"
"ကျွန်တော်၀င်လာပြီနော် ဆရာ"
တံခါးပွင့်ပြီး ဘွားခနဲပေါ်လာတယ့်jungkookရယ့်ပုံရိပ်
ပြီးတော့သူက လော့ကိုပါ တစ်ခါထဲချခဲ့သေးတာရယ်
လက်ထဲမှာလဲ ထမင်းဘူးလေးကိုင်ထားသေးတာ ဆရာသမားက..."ဘာလာလုပ်တာလဲ"
"မောင့်ကလေးလေးနဲ့ ထမင်းတူတူလာစားတာလေဗျာ"
"ငါတစ်ယောက်တည်းပဲစားတတ်တာ"
"canteenမှာတောင် သူငယ်ချင်းတွေနဲ့တစ်ခါတစ်လေ ထိုင်တတ်တာကို မောင်ကမသိဘူးများမှတ်နေလား ကလေးလေးရယ့်"
သူပြောတာလဲဟုတ်နေတာမို့ ကိုယ့်မှာငြိမ်ခံလိုက်ရသည်*
ဆရာကိုဆရာပြန်လုပ်တာ သူနဲ့မှကြုံဖူးတော့တယ်"ဒီနေ့ မောင့်အမေက ဆူရှီလုပ်ပေးလိုက်တာ ခါတိုင်းဆိုcanteenမှာပဲစားနေကျဆိုပေမယ့် ဒီနေ့ကလေးလေးနဲ့စားဖို့ကို သမင်သက်သက် အများကြီးလုပ်ခိုင်းခဲ့တာကို ကလေးလေးသိရယ့်လား"
"ကျေးဇူးပဲ"
ပြောပြီး တစ်ခုယူစားပြီး အရသာတွေ့သွားပုံရသည် ပါးစပ်ထဲတမြုံ့မြုံ့ဝါးရင်းနဲ့ လက်မလေးကပါထောင်ပြလာတာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ...
စားချင်စရာလေး ဆူရှီတော့မဟုတ်ဘူး ကင်မ်ထယ်ယောင်း...
"မင်းလဲ စားလေjungkook"
"ကလေးလေး၀ရင် မောင်၀တယ်"
"စောက်ပိုတွေလာမပြောနဲ့ ထုလိုက်မယ် စားမှသာစား!"
ခြိမ်းခြောက်ပြောခါမှ စားတယ့်Jeon Jungkookကြီးပါရယ်လေ
"Jung...jungkook"
နှုတ်ခမ်းမှာပေနေတယ့် ထမင်းလူံးစေ့လေးကို လက်မလေးနဲ့နူးနူးညံ့ညံ့လေးဖယ်ရှားပေးလာတယ့်jungkookကြောင့်မှင်သက်သွားရသည်
အဲ့နောက်မှလုပ်ခဲ့တယ့်jungkookလုပ်ရပ်က ပိုအံအားသင့်စေတာ