Part 22

472 41 3
                                    

"Taehyung မင်း​ပြောစရာရှိတယ်ဆို"

"ဟုတ်ပါတယ် ​ကျောင်းအုပ်ကြီး ကျွန်​တော်အလုပ်ထွက်ချင်လို့ပါ"

"ခုမှအလုပ်စ၀င်တာကိုဘာ​တွေအဆင်​မ​ပြေတာရှိလို့လဲTaehyung"

"အဆင်​မ​ပြေတာ မဟုတ်ပါဘူး ကျွန်​တော်ခဏအနားယူချင်လို့ပါ ပြီး​တော့ ကျွန်​တော့်​မွေးရပ်​မြေမှာပင် ​အေး​အေးချမ်းချမ်း​လေး​နေသွားချင်လို့ပါ"

"Taehyungက တကယ်ဆုံးဖြတ်ချက်ချထားတယ့်ပုံစံမို့ဦးလေး မတား​တော့ပါဘူး တကယ်လို့ ပြန်လာချင်တယ်ဆိုရင် အချိန်မ​ရွေး ကြိုဆို​နေပါတယ်Taehyung"

"​ကျေးဇူးတင်ပါတယ် ​ကျောင်းအုပ်ကြီး ဒါဆို ကျွန်​တော့်ကိုခွင့်ပြုပါအုန်း"

​​ကျောင်းအုပ်ကြီးကအလုပ်ထွက်စာမှာ လက်မှတ်ထိုး​ပေးလိုက်ပြီး သူဟာလဲ ဆရာKim Taehyung အဖြစ်မှ လွတ်​မြောက်လာခဲ့ပြီ
က​လေး​တွေကို စာသင်​ပေးရတာကို သူ​ပျော်​မွေ့ခဲ့​ပေမယ့် ခုချိန်မှာ​တော့ သူ​စိတ်ကို အနား​ပေးဖို့လိုအပ်သည်

ခွင့်ယူရ​အောင်လည်း ပြန်လာတယ့်အချိန်ကျရင် ​မောင်နဲ့​တွေ့ဆုံခဲ့တယ့်ဒီ​နေရာကို အ​ခြေချဖို့က သူ့အတွက် မဖြစ်နိုင်​တော့ပါ

​ကျောင်းသား​တွေကလည်း ပစ္စည်း​တွေသိမ်း​နေတယ့် သူ့အနားကို အ​ပြေးအလွှားလာနှုတ်ဆက်ကြသည်

ကျွန်​တော်ငိုခဲ့မိပါသည် ဒီ​ကျောင်းကို​ရောက်လာတာ ခဏပဲရှိ​သေး​ပေမယ့်
အမှတ်တရ​တွေက​တော့ အများကြီးပဲမလား

​ကျောင်းသား​တွေအကုန်လာနှုတ်ဆက်ကြ​ပေမယ့် Yoongiက​တော့ သူ့ကို​ကျောခိုင်းကာထွက်ခွာသွားခဲ့သည်

ဒါ​ပေမယ့်

"Min Yoongi.."

Yoongiက မျက်ခုံး​တွေတွန့်ချိုးကာ ဘာလဲဆိုသည့်သ​ဘောနှင့် ​မေး​ငေါ့ပြသည်

"Jungkook...ဘယ်​တော့သွားမှာတယ့်လဲ ငါ့ကို​ပြောပြလို့ရနိုင်မလား ​ကျေးဇူးပြုပြီး"

"ဒီ​နေ့ည​နေ သွား​တွေ့မလို့​တော့မဟုတ်ဘူးမလား ခင်ဗျားသွား​တွေ့ရဲတယ့်သတ္တိ​ရောရှိလို့လား ခင်ဗျား​ကြောင့် သူ​သေမလိုဖြစ်ခဲ့တာ​နော်"

Love between US♡Where stories live. Discover now