Part 19.

708 41 3
                                    

လူနာကုတင်​ပေါ်မှာ မှန်ပြတင်း​ပေါက်က​နေတစ်ဆင့် မြင်နေရတယ့်အုံမှိုင်းမှိုင်း​ကောင်းကင်ကိုကြည့်ရင်းJungkookနွမ်းလျစွာမလှုပ်မယှက် အချိန်အ​တော်တန်ကြာ ထိုင်​နေမိသည်။

ညာဘက်လက်က အမာရွတ်အားတစ်ချက်ကြည့်လိုက်ရင်း အမည်​ဖော်ရခက်တယ့် အပြုံးဟာဖြစ်​ပေါ်လာသည်

"​သေမင်းရယ်...မင်းငါ့ကိုဘာလို့တစ်ခါတည်း​ခေါ်မသွားခဲ့ရတာလဲ"
သူ​ကောင်းကင်ကိုကြည့်ရင်း တိတ်တဆိတ်​ရေရွတ်မိသည်

အုံ့မှိုင်း​နေတယ့် ​ကောင်းကင်မှာ မဲ​မှောင်​နေတယ့်တိမ်စိုင်​တွေဟာအုံ့ဆိုင်းလာပြီး မိုးစက်မိုး​ပေါက်​တွေဟာ ပြတင်း​ပေါက်​ပေါ်ကို တ​ဖျောက်​ဖျောက်နဲ့ပက်ဖျန်းလာသည်

ကြားလိုက်ရတယ့် တံခါးဖွင့်သံ​ကြောင့် လှည့်ကြည့်လိုက်​တော့Yoongiက
လိ​မ္မော်သီးအထုပ်ကြီးနဲ့ သူ့ဆီကို​လျှောက်လာသည်

"​တော်​သေးတယ် ငါမိုးမစိုတာ"

"..."

"Jungkook မင်းဒီလို ညှိုးမှိုင်​နေလဲ အ​ခြေအ​နေ​တွေက​ပြောင်းလဲလာမှာမဟုတ်ဘူး အဲ့ဒါမင်းသိလား..​ပျော်​ပျော်သာ​နေစမ်းပါ မင်းမျက်နှာလဲမင်းပြန်ကြည့် ဖြူဖတ်ဖြူ​ရော်နဲ့ မျက်တွင်းဆိုလဲ နက်​နေ​ရော ဒါက ငါ့ရယ့်ကိုက်​ဖော်​ကိုက်ဖက်Jeon Jungkookတယ့်လား"

"မင်းက ငါ့ဆီ ထိုင်ပွား​နေဖို့ လာခဲ့တာလား"

"မပွားချင်​ပေမယ့် ငါကအကြီးဆို​တော့ မင်းကိုလမ်းမှားမ​ရောက်ဖို့ဆုံးမ​ပေးရမယ့်တာ၀န်ရှိတယ်"

"Park Jiminရည်းစားရ​နေပြီတယ့်"

"ဘာ! တကယ်လား ဘယ်သူလဲ ဘယ်က​လဲ မင်းကဘယ်လိုသိလဲ"

"​မင်း​တောင် မင်းချစ်ရတယ့်သူအ​ကြောင်း​ပြောရင် ဒီလို​တွေစိတ်ပူတယ်မလား
ငါ့​နေရာ၀င်ခံစားကြည့်​လေ ငါ့​ရှေ့မှာ​တောင် တခြားသူကို သ​ဘောကျပါတယ်ဆိုပြီး ၀န်ခံသွားတာ"

"Jungkook.."

"မင်းသိလားYoongi..ငါ​လေခုအချိန်မှာ  လွတ်လမ်းမရှိတယ့် ​တောနက်ထဲ​​ရောက်သွားသလိုပဲ..​မှောင်မဲ​နေတယ့် ငါ့ဘ၀ကြီးမှာ ငါ့ကိုအလင်း​​ရောင်​တွေ​ပေးခဲ့ဖူးတယ့်သူကလဲ အခု​တော့ တစ်ခြားတစ်​ယောက်ရယ့်ရင်ခွင်မှာ ခိုး​နား​နေပြီ​လေ..."

Love between US♡Where stories live. Discover now