Part 23.

558 35 1
                                    

"ထယ်ထယ်!"

လမ်းမ​ပေါ်မှာ ​​သွေး​တွေစီး​နေတယ့်မြင်ကွင်းတစ်ခုက ​သွေးပျက်ဖွယ်ရာ​ကောင်းလှသည်

"ထယ်ထယ် နင်...နင်ထကြည့်စမ်းပါအုန်း ထယ်ထယ်"

​​သွေး​တွေအလိမ့်လိမ့်နဲ့ကိုယ်ငယ်​လေးကိုကိုင်ကာ ​အော်ငို​နေတယ့်မိန်းက​​လေးတစ်​ယောက်လည်းရှိသလို အရှိန်လွန်ကာဓါတ်တိုင်နဲ့ တိုက်မိသွားတယ့် ကားထဲတွင်လည်း ​မေ့လဲ​နေ​သော ​ကောင်မ​လေးတစ်​​ယောက်ရှိလို့​နေသည်။

မကြာခင်မှာ​ရောက်ရှိလာတယ့် အ​ရေး​ပေါ်ကားများ..။

"ကျွန်မသူငယ်ချင်းကိုကယ်​ပေးကြပါ ကယ်​ပေးကြပါ"

Jiတစ်​ယောက်​ဆောက်တည်ရာမရညဲ သူ့သူငယ်ချင်းအတွက်သာ အကူအညီ​တောင်း​နေမိသည်

ပြန်ဆုံတာ​တောင်မကြာ​သေးဘဲ ​ဝေးကွာရ​တော့မှာလား...။

အ​ရေး​ပေါ်ကားထဲတွင် သတိ​မေ့​နေ​သောTaehyungအား​အောက်ဆီဂျင်​တွေ​ပေးကာ ​သွေးထွက်မလွန်​အောင် ထိန်းထားရသည်

ထိုမြင်ကွင်းဟာ ​ဘေးကမြင်ရသူအတွက်ပင် စိတ်မချမ်း​​မြေ့ဖွယ်၊

_________________

တစ်ဖက်တွင်လည်း

မြင်လိုက်ရတယ့်​မက်​ဆေ့ချ်​ကြောင့်Jungkookအသိစိတ်ထဲဗလာဖြစ်သွားပြီး
​ခြေလှမ်း​တွေဟာယုတ်​​​လျော့လာခဲ့သည်

သူ​နောက်ပြန်ဆုတ်ဖို့ကြိုးစားခဲ့​ပေမယ့်....

"​မောင်​တောင်းပန်ပါတယ်ထယ်.."

​အောင့်တက်လာတယ့်နှလုံးသားနှင့်အတူ စီးကျလာတယ့်မျက်ရည်စ​တွေကိုသူဟာထိန်းကွပ်နိုင်စွမ်းမရှိခဲ့​ပေ

အခြားခရီးသွားများက မိသားစုနှင့်ခွဲခွာရမှု​ကြောင့်ဟု ယူ​ဆသွားပုံပင်
သူ့အား တကူးတက စိုက်ကြည့်​နေသည်မျိုးမရှိတာ​ကြောင့် မျက်ရည်​တွေကိုသုတ်ကာ ​လေယာဥ်​ပေါ်သာတက်လာခဲ့သည်
ထိုင်ခုံမှာ​နေရာယူလိုက်ပြီး ပြတင်း​ပေါက်ကိုသာ​ငေးကြည့်​နေခဲ့မိသည်
ဆက်သွယ်ချင်ခဲ့​ပေမယ့်​လေယာဥ်​ပေါ်မှာဖြစ်​နေတာ​ကြောင့် တိတ်တိတ်​လေးဆု​တောင်း​ပေးရုံကလွဲ သူမတတ်နိုင်ခဲ့ပါ။

Love between US♡Hikayelerin yaşadığı yer. Şimdi keşfedin