"Hello..."
"..."
သူ့ဘက်ကလည်းဆက်သေးတယ် စကားလဲ ပြန်မပြောတာကြောင့် Jungkook လေယာဉ်တက်ခါနီးကြီး စိတ်ရှုပ်ရပြန်သေးသည်
ထို့ကြောင့် ဖုန်းချမယ်လုပ်တော့ ဖုန်းမကျခင် ခဏအလိုမှာ ပြောသွားသည့်စကား
"သူ သတိရလာပြီ"
Jungkook ထိုစကားကြောင့် တစ်စုံတစ်ယောက်ကို တွေးမိပြီး ဖုန်းကိုကြည့်လိုက်ပေမယ့် သူနောက်ကျသွားခဲ့ပြီ
သူချမိတာမဟုတ်ဘဲ တစ်ဖက်လူက ချလိုက်တာဖြစ်သည်
"ဟျောင့် Jungkook ဘာတွေငေးနေတာလဲ
လေယာဉ်တက်ရတော့မယ်"Loyalက ပုခုံးကိုပုတ်ကာ ပြောကာမှ အတွေးတွေထဲနစ်မြောနေရင်းမှ သတိဝင်တော့သည်
လေယာဉ်တက်ရတော့မှာမို့ သူလည်း ကြာကြာတွေဝေမနေပါဘဲ နေရာကနေ အမြန်ထလိုက်သည်
ထူးဆန်းစွာပဲ သူ ကိုရီးယားကိုပြန်ရမှာကို ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပါသည်
တစ်စုံတစ်ယောက်ကြောင့် ဆိုပိုမှန်မည်။
"မောင့်!!"
"ကလေးလေးကလည်း တစ်ခါတည်းပဲနမ်းမှာလေနော်"
"ကျောင်းခေါ်တော့မယ်လို့"
"တစ်ခါတည်းပါကွာ"
"ဘာလဲ ငါက နမ်းပါ လို့ပြောရမှာလား ငါကေမာင့်အပိုင်လေ နမ်းချင်ရင်နမ်းပါလား"
ဝိုးတဝါးမြင်ကွင်းကြားထဲမှာနီးကပ်လာတယ့် မျက်နှာနှစ်ခုနဲ့အတူ ရုတ်တရက်ဆန်စွာ Taehyung ရယ့် မျက်လုံးတွေဟာ ပွင့်ဟလာပြီး အရိုက်ခံထားရသည့်နှယ် ဦးခေါင်းတစ်ခုလုံး ကိုက်ခဲနေသည်
မောင်...
မြင်ကွင်းတွေဟာ ဝေဝါးနေခဲ့ပြီး
အိပ်မက်ထဲမှာ သူ့ကိုယ်သူပြန်မြင်နေရသည်
သူဟာ အသက်ငယ်ငယ်ကောင်လေးတစ်ယောက်ရယ့် ရင်ခွင်ထဲမှာ ရှိနေတာ...
ထိုကောင်လေးရယ့် မျက်နှာဟာ ဝေဝါးနေကာ အစဖော်၍ ခက်လှသည်"သား..အိပ်နေတာလား"
အခန်းထဲ ဝင်လာတယ့် အမေ
သူဝှီးချဲမှာ ထိုင်ရင်းနှင့်ပင် အိပ်ပျော်သွားခဲ့တာကြောင့် ဇတ်က နာနေလေပြီ