63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)

115 10 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၆၃
( အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)

ထိုသူနှစ်ဦးအနက် တဦးမှာ ရန်ဝေ ဟု အမည်ရကာ၊ နောက်တဦးမှာ ဝူဟောက် ဟု ခေါ်ပေသည်။ သူတို့ နှစ်ဦးစလုံးသည် စစ်တပ်ထဲတွင် မြင့်မားသော အရည်အချင်းများ ရှိသည့်အတွက် စစ်ရေးလေ့ကျင့်မှု ပြိုင်ပွဲတွင် စစ်ဒေသအတွက် ဂုဏ်ထူးဆောင်များ ဖြစ်ခဲ့ကြပေသည်။ ဤကဲ့သို့ ရွှေထီးဆောင်းခွင့်ရခဲ့သော သူတို့ နှစ်ဦးအနေဖြင့် မာနကြီးနေမည်မှာ မလွဲမသွေပင်။ ထို့အပြင် ဝမ်ယင်း အပေါ်ထားသော သူတို့၏ သဘောထားကြောင့်လည်း ဖြစ်ပေသည်။ သူတို့ စစ်ဒေသ ရှစ်မှ မည်သူ တဦးတယောက်ကိုမျှ ချီးမွမ်းစကား တခုတ်တရ ပြောဆိုဖူးခြင်း မရှိသော ဝမ်ယင်း သည် ပြင်ပမှ သူတဦးအား ချီးမွမ်းကာ ဖိတ်မံတက ပြုနေသည် မဟုတ်ပါလော။

ထိုသူနှစ်ဦး သူ့အား အဘယ်ကြောင့် မကြိုဆိုနိုင်သည်ကိုလည်း ရှုချန်း နားလည်ပေသည်။ ရှုချန်းသည် ဤနေရာကို ရောက်ရှိနေရသည့် အဓိက အကြောင်းအရင်းမှာ သူ၏ လက်ရှိ စွမ်းဆောင်ရည်ကို သိရှိရန် စက်ယန္တရားများကို အသုံးပြုရန် ရောက်ရှိနေခြင်း ဖြစ်သည့်အတွက် ထိုသူတို့၏ သဘောတရားများကို စဉ်းငယ်မျှပင် ဂရုမစိုက်ခဲ့ချေ။

"ဝမ်ယင်း... အဆင်မပြေရင်လည်း ငါ သွားတော့မယ်... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက လူတယောက်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ရမှာမလို့ ဒီနှစ်ရက်အတွင်းမှာ ငါ့ရဲ့ စွမ်းရည်တွေကို လာပြီး အကဲဖြတ်တာပါ... ငါ လေ့ကျင့်ဖို့ လိုသေးတယ်... သွားတော့မယ်... "

ထွက်ခွာသွားသော ရှုချန်း၏ ကျောပြင်ကို ကြည့်ကာ ဝမ်ယင်း စိတ်မကောင်း ဖြစ်သွားပေသည်။ ဝူဟောက် နှင့် ရန်ဝေ တို့ ရှုချန်းအပေါ် ဆက်ဆံပုံကို ကြည့်ကာ သူမ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရ၏။ သူတို့သည် အိမ်ရှင်ဖြစ်လျက်သားနှင့် ဧည့်သည်တဦးအား အဘယ်ကြောင့် မကြိုဆိုချင်သည်လော။

ထို့ကြောင့် ဝမ်ယင်း သည် သိလိုစိတ်ဖြင့် လှမ်းမေးလိုက်သည်။

"မင်း ဘယ်သူနဲ့ တိုက်ခိုက်ရမှာလဲ... "

"မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်ကို ကြားဖူးလား... "

နတ်နဂါးစစ်သည်Där berättelser lever. Upptäck nu