77+78(ဒီအရူးကောင်ကတော့)

114 9 0
                                    

နတ်နဂါးစစ်သည်
အခန်း ၇၇
( ဒီအရူးကောင်တော့...)

ကွန်ဒိုသို့ ပြန်လာသော လမ်းတလျှောက်လုံးတွင် လင်ချူရွယ် တိတ်ဆိတ်နေခဲ့သည်။ သို့သော် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ "ဖေဖေ... ဘာလို့ ရှုချန်းနဲ့ ရုတ်တရက်ကြီး ကွာရှင်းခိုင်းတာလဲ..."

လင်ကွေ့ရန် က သက်ပြင်းချလိုက်ကာ "ချူရွယ်... အခုချိန်မှာ ရှုချန်း ဖြစ်ချင်နေတာကို မသိဘူးလား..."

"သမီး သိပါတယ်..."

"အဖေ သူ့အတွက် ချမှတ်ပေးထားတဲ့ လမ်းစဉ်ကို ငြင်းပယ်ပြီး ဒီနိုင်ငံကိုပြန်လာဖို့ သူတောင်းဆိုတယ်... ပြောချင်တာက သူ့အဖေ ဆုံးပြီးတဲ့နောက်မှာ သူ့အမေနဲ့ မိသားစုအပေါ် မုန်းတီးမှုတွေ အရင်ကထက် ပိုများလာခဲ့တယ်... အရင်တုန်းကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လျော့တွက်မိတဲ့အတွက် ဟွာရှပြန်ရောက်ရင် ပြောင်းလဲသွားမယ်လို့ ထင်မိတယ်... ဒါပေမဲ့ အခုချိန်မှာ သူရဲ့ ပြင်းပြတဲ့ဆန္ဒကြောင့် ရွေးချယ်ခဲ့တဲ့ခရီးလမ်းကို အဖေ စိတ်ပူမိတယ်..."

"သူ့ဘဝအတွက်လမ်းကို သူရွေးချယ်တာ အဖေ မတားနိုင်ပေမဲ့ သမီးကတော့ အဖေ့သမီးပဲ... သူ့အမေ မိသားစုရဲ့ ကိစ္စထဲမှာပါ သမီးကို ဝင်မပါစေချင်ဘူး... ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနိုင်ငံမှာ ရီ မိသားစုက အရမ်း အားကောင်းတယ်... ရှုချန်း စိတ်အားငယ်သွားမှာစိုးလို့ မပြောခဲ့တာတွေ အများကြီးရှိတယ်... အခုချိန်မှာ သူ သိမ်ငယ်စိတ်တွေကနေ ရုန်းထွက်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြန်ကြံ့ခိုင်လာနေပြီမို့လို့ စိတ်အားငယ်မယ့် စကားတွေ မပြောချင်တော့ဘူး... အရင်က ဟွာရှကိုပြန်ဖို့ သူပြောတုန်းကလည်း သူ့ကို စောင့်ကြည့်ချင်လို့ ပြန်ခွင့်ပေးခဲ့တာ... ဒါပေမဲ့ သမီးတို့ရဲ့ အိမ်ထောင်ရေး အခုလိုမျိုးဖြစ်နေမယ်ဆိုတာ ဘယ်သူသိမှာလဲ..."

လင်ချူရွယ် တစက္ကန့်မျှ တုန့်ဆိုင်းသွားပြီးမှ "ဒါဆို သမီးတို့ အခု ဘယ်လိုလုပ်ကြမလဲ အဖေ... သူက အဖေ့ရဲ့ သားအရင်းလိုပဲလေ... သူ့ကို ကူညီသင့်တယ် မဟုတ်ဘူးလား..."

လင်ကွေ့ရန် ပြုံးလိုက်ကာ "အဖေလည်း မတတ်နိုင်ဘူး... ရီ မိသားစုက ဟွာရှမှာ အရမ်း အင်အားကြီးတယ်... အရင်တုန်းက အကိုကြီးရှုနဲ့ အဖေက ဒီ ရီ မိသားစုကို တွန်းလှန်နိုင်မဲ့ အခွင့်အာဏာရှိခဲ့ရင် နှစ်ယောက်လုံး ဒီတိုင်းပြည်ကနေ ခွေးလိုမျိုး နှင်ထုတ်ခံရမှာ မဟုတ်ဘူး... ရှုချန်းကို ငယ်ငယ်လေးကတည်းက အဖေ့ဆီမှာ အပ်ထားခဲ့တဲ့ အကြောင်းအရင်းက ရီ မိသားစု မမြင်ဖို့ပဲ... နှစ်တွေကြာလာတဲ့နောက်မှာ ရှုချန်း သေသွားပြီလို့ပဲ ရီ မိသားစုက ထင်လိမ့်မယ်... ရှုချန်းက ရှုတျန်းမင် ရဲ့သား ဖြစ်တယ်ဆိုတာ တခြားသူတွေ မသိသရွေ့ ရီ မိသားစုက သတိထားမိမှာ မဟုတ်ဘူး... အဲဒီအချိန်အထိ သူ ဘေးကင်းနေလိမ့်မယ်... ဒါပေမဲ့ နောင်တချိန်မှာ ရီ မိသားစုနဲ့ သူ ထိပ်တိုက်တွေ့ရင် ဒုက္ခလှလှတွေ့လိမ့်မယ်... သမီးပါ သူနဲ့အတူရှိရင် သမီးပါ ဒီဒုက္ခတွေနဲ့ တွေ့ရလိမ့်မယ်..."

နတ်နဂါးစစ်သည်Where stories live. Discover now