၁၅၈(ဖော်ထုတ်ခံရပြီ )

60 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၅၈

(ဖော်ထုတ်ခံရပြီ )

ရှုချန်းက...

" ညွှန်ကြားရေးမှူး... ကျုပ်ကို ဒီတစ်ကြိမ်ပဲ ထပ်ပြီး ယုံကြည်ပေးပါ... "

ညွှန်ကြားရေးမှူး အံကြိတ်လိုက်၏။

" ဘယ်တုန်းက မင်းကို မယုံကြည်ခဲ့ဖူးလို့လဲ... ကောင်းပြီ... အခုပဲ ရှာဖွေရေး ဝရမ်းတစ်ခု မင်းကို ပေးလိုက်မယ်... တစ်ယောက်ယောက်ကို လာယူခိုင်းလိုက်... "

တစ်ဖက်တွင်...

နေးလ် က ရှုချန်း ကားနောက်သို့ လိုက်သွား၏။ ပစ္စတိုကို ဆွဲထုတ်လိုက်ပြီး ရှုချန်းအား သတ်ဖြတ်ရန် ကားချင်းနီးအောင် လီဗာကို ဖိနင်းလိုက်သည်။ နောက်မှ လိုက်ပါလာသော ကား အရှိန်မြန်လာသည်ကို တွေ့လိုက်ရ၍ လီချောင်လည်း မသိစိတ်ကြောင့် လီဗာကို အလိုလို တင်းတင်း နင်းမိလျက်သား ဖြင့် ရဲဌာနချုပ်ဆီသို့ ဦးတည်မောင်းနှင်နေမိ၏။ ကားနှစ်စီးလုံး တစ်စီး အခြေအနေ တစ်စီးကြည့်ရင်း မောင်းနှင်လာပြီး နေးလ် မှာလည်း တုံ့နှေးနေကာ မပစ်ခတ်ခဲ့ချေ။ သူ ပစ်ခတ်ရန် ကြံရွယ်လိုက်ချိန်တွင် ရဲဌာနချုပ် သို့ ပြန်ရောက်ရှိနေသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် နေးလ် လည်း အရှိန်တင်၍ ရှုချန်းကားကို ကျော်လိုက်ပြီး အတွင်းသို့ ကြည့်လိုက်ရာ ကားပေါ်မှ ဆင်းလာသူမှာ ရှုချန်း မဟုတ်ပဲ ရှုချန်း၏ အဝတ်အစားများ ဝတ်ဆင်ထားသော သူစိမ်း တစ်ဦး ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

နေးလ် လည်း ထိတ်လန့်သွားကာ ခန်းရီ အား ဖုန်းခေါ်လိုက်သည်။

လီချောင် ရဲဌာနချုပ်သို့ ရောက်ချိန်မှာပင် ရှုချန်းထံမှ ဖုန်းဝင်လာ၏။

" မင်း ဘေးကင်းရဲ့လား... "

လီချောင် ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ ခေါင်းဆောင်... ကျုပ် ကောင်းကောင်းမွန်မွန်ပဲ ပြန်ရောက်ပါတယ်... "

" ကောင်းပြီ... ညွှန်ကြားရေးမှူး ရုံးခန်းကို သွားပြီး ရှာဖွေရေး ဝရမ်းယူလိုက်... ပြီးရင် ဝေ့နိုင်ငံ စီးပွားရေး မဟာမိတ်အဖွဲ့ကို ချက်ချင်း ပို့လိုက်... ဒါ စစ်ဆင်ရေးကြီး တစ်ခုပဲ... ပြီးတော့ ကား အသစ်တစ်စီး လဲစီးလာဖို့ မမေ့နဲ့ဦး... လူသတ်သမား မင်းကို ပစ်မှတ်ထားမှာ စိုးရိမ်ရတယ်... "

နတ်နဂါးစစ်သည်Where stories live. Discover now