၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )

56 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၅၅

( တကယ်ကို ထိုက်တန်ပါတယ်... )

"ရှုချန်း... နဂါးတပ်ဖွဲ့ရဲ့ အကဲဖြတ်မှုက အမြဲတမ်း အရမ်းတင်းကြပ်တယ်ဆိုတာ မင်းသိပါတယ်... မင်းတို့သုံးယောက် နိုင်ငံခြားဓာတ်ခွဲခန်းကို ဗုံးခွဲဖို့သွားတဲ့ မစ်ရှင်တုန်းက မင်း ပြန်မလာနိုင်ခဲ့ဘူး... ဒီတစ်ခေါက် လျူရီနဲ့ လော့ဝေရဲ့ အကူအညီမပါဘူးဆိုရင် ဘယ်လိုလွယ်လိမ့်မှာလဲ... မစ်ရှင်မှာ မင်း အသက်တောင် စတေးသွားရနိုင်တယ်နော်..."

ရှုချန်းတစ်ယောက် ဤစိန်ခေါ်မှုမှ ရုန်းထွက်ရန် ကြီးကြပ်ရေးမှူး ဖြစ်သူ မျှော်လင့်နေ၏။

ရှုချန်းက ...

"ကျုပ် သိပါတယ်... ဒါပေမဲ့ နဂါးတပ်ဖွဲ့ထဲဝင်ဖို့က ကျုပ်ရဲ့ ဘဝနဲ့ရင်းတဲ့ဆန္ဒပဲ..."

ကြီးကြပ်ရေးမှူး သက်ပြင်းချလိုက်၏။

"ကောင်းပြီ... ဒါပေမဲ့ မင်းကို ကြိုးစားခွင့်တော့ ငါ မပေးနိုင်ဘူး... တစ်ခုတော့ ရှိတယ်... စစ်ဒေသ ၃၆ ခု ပြိုင်ပွဲမှာ မင်း ကောင်းကောင်းမွန်မွန် စွမ်းဆောင်နိုင်ခဲ့ရင်တော့ သူတို့ မင်းကို သတိထားမိလိမ့်မယ်... ဒီနည်းအတိုင်းလည်း ဖြစ်နိုင်တယ်..."

ရှုချန်းက ...

"ကျုပ် သိပါတယ်... ဒါ့ကြောင့် စစ်ဒေသ ၃၆ ခု ပြိုင်ပွဲမှာ ပါဝင်ဖို့ ပြန်လာခဲ့မယ်လေ... ခင်ဗျားရဲ့ ၁၀ ယောက် အဖွဲ့ထဲမှာ ကျုပ်အတွက် တစ်နေရာ ချန်ထားပေးပါ..."

ကြီးကြပ်ရေးမှူးက ...

"ကောင်းပြီ... မင်းအတွက် ငါ နေရာချန်ထားပေးမယ်... မင်းဝင်ပြိုင်ချင်တယ်ဆိုရင် စောစောပြန်လာပြီးတော့ ရဲဘော်တွေနဲ့ ပူးပေါင်းလေ..."

ရှုချန်းက ...

"ကောင်းပြီ... ဒီမှာရှိတဲ့ ကိစ္စတွေကို အမြန်ရှင်းလိုက်ဦးမယ်..."

ဖုန်းချပြီးနောက် ရှုချန်း အနည်းငယ် ပျော်ရွှင်လာသည်။

ရှန်မိသားစုဗီလာတွင် လင်လဲ့ ကျန်ရစ်နေခဲ့ရသည့် နောက်ကွယ်တွင် ရည်ရွယ်ချက်များ ရှိသည်မှာ ထင်ရှား၏။ ရှန်ယောင်တစ်ယောက် ရှုချန်းအား မျှော်လင့်ချက် မရှိသည့်တိုင် နက်နက်ရှိုင်းရှိုင်း ချစ်မိသွားကြောင်းကို စောင့်ကြည့်လေ့လာရန် သူ လိုအပ်သည်။ ရှန်ယောင်က ရှုချန်းက ပိုမို နှစ်သက်လေလေ ရှုချန်းတို့ နှစ်ဦးသား၏ အိမ်ထောင်ရေးအကြောင်းကို သိသောအခါ လင်ချူရွယ်နှင့် သူငယ်ချင်းဖြစ်နိုင်ချေ နည်းပါးလေလေ ဖြစ်တော့မည်။ သူမ၏ အခင်ဆုံးသူငယ်ချင်းမှာ လက်ထပ်ထားသည်ကို မပြောသည့်အပြင် ထို လက်ထပ်ထားသော အမျိုးသားမှာ သူ တိတ်တခိုးနှစ်သက်နေရသူ ဖြစ်သည်ကို သိလိုက်ရပါက မည်မျှ ရှက်ရွံ့ဒေါသထွက်မည်နည်း။

နတ်နဂါးစစ်သည်Tahanan ng mga kuwento. Tumuklas ngayon