အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )

49 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၂၁

(ခက်ခဲတဲ့ ပြိုင်ဘက် )

စစ်ဒေသ(၈) တစ်ဖွဲ့လုံး အပြတ်ရှင်း ခံလိုက်ရသည်တွင်တော့ ညွှန်ကြားရေးမှူး ကျိုးနှင့် ညွှန်ကြားရေးမှူးရှီတို့ နှစ်ဦး စတင် ရန်သတ် ကြလေတော့သည်။ စစ်ဒေသ(၈)၏ ကျန်အဓိက အင်အား(၃)ခုက ရှုချန်းကို ပူးပေါင်း၍ ထုတ်ပယ် လိုက်ပါက ညွှန်ကြားရေးမှူးရှီက ညွှန်ကြားရေးမှူး ကျိုးနှင့် သေသည်အထိ တိုက်ခိုက်မည်ဟု ကြိမ်းဝါးခဲ့သည်။

သို့သော် ယခုတော့ ပြောင်းပြန် အခြေနေ ဖြစ်သွားပြီး ရှုချန်းက အားလုံးကို ထုတ်ပယ်နိုင်ခဲ့သည်တွင် ညွှန်ကြားရေးမှူး ကျိုးက ညွှန်ကြားရေးမှူးရှီထံ ခုန်ဝင်၍ စတင် တိုက်ခိုက်လေတော့သည်။

နောက်လိုက်နှစ်ဦး ဖြစ်သော ကြီးကြပ်ရေးမှူး ရန် နှင့် စစ်ဒေသ(၈) ကြီးကြပ်ရေးမှူးတို့သည်လည်း တိုက်ခိုက်ကြလေပြီ။ ဤသည်က စစ်တပ်ပတ်ဝန်းကျင် အထူးသဖြင့် အရိုင်းဆန်သော စစ်ပြန်ကြီးများ အကြား မစိမ်းသော အခြေနေ တစ်ခုပင်။

မည်သူမှ သူတို့ကို မတားမြစ်ကြသလို ထိုသူများကလည်း ယခင်က ရန်မဖြစ်ဖူးသူများ မဟုတ်ကြ။ တစ်ဖက်မှ တိုက်ပွဲကဲ့သို့ပင် အထက်ပိုင်း ညွှန်ကြားရေးမှူးကြီးများ အကြား ယမ်းနှင့် လက်နက်များ မပါသော တိုက်ပွဲသည်လည်း စတင်ချေပြီ။

သို့သော် ပြိုင်ပွဲအတွင်းမှ တိုက်ပွဲများ ရုန်းကန်မှုများနှင့် ခြားနားသည်မှာ ယခုတိုက်ပွဲက အသက်၆၀ လူအိုကြီးများ အကြားမှ တိုက်ပွဲဖြစ်ရာ ကြည့်၍တော့ မကောင်းလှ။ သူတို့က တစ်ဦးနှင့် တစ်ဦး ဆံပင်များ အဝတ်များ ဆွဲ၍ ကန်ကျောက် နေခြင်းဖြစ်ရာ နံဘေးမှ အခြားလူအိုကြီး များက နှာခေါင်းရှုံ့၍ ကြည့်နေကြသည်။

"ရွံစရာ ကောင်းလိုက်တာကွာ.."

"မင်းတို့ အသက်တွေ ဘယ်လောက်ရှိနေပြီလဲ.. အမြဲတန်း ရန်ဖြစ်နေတော့မှာလား.. နိုင်ငံရေးကလူတွေက ငါတို့ စစ်တပ်ထဲက လူတွေကို ယဉ်ကျေးမှု မရှိတဲ့ အရိုင်းစိုင်းတွေလို့ ဝေဖန်တာလည်း မထူးဆန်းဘူး.."

နတ်နဂါးစစ်သည်Where stories live. Discover now