အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )

48 5 0
                                    

နတ်နဂါးစစ်သည်

အပိုင်း - ၂၅၀

(ဒီကောင်လေး မဆိုးဘူးပဲ )

အဘိုးအိုက လူယုတ်မာပြုံး ပြုံးရင်း ရှုချန်းကို ကြည့်ကာ မေးလိုက်သည်။

"မင်း ငါ့ကို ကျောပိုးနိုင်မယ်ပေါ့.."

ရှုချန်းက လက်မောင်းလှုပ်ရင်း ပြန်ဖြေ၏။ "အဘိုးလို နောက်ဆယ်ယောက် ထပ်ပေါင်းရင်တောင် ကျွန်တော် သယ်နိုင်ပါသေးတယ်.." ပြီးနောက် ရှုချန်းက မြင်းထိုင် ထိုင်ရင်း ပြောလိုက်သည်။

"လာ တက်ပါ.."

အဘိုးအိုကလည်း ခါးကိုင်းရင်း ရှုချန်း ကျောပေါ်သို့ ကိုယ်တစ်ပိုင်း တင်လိုက်သည်။ ရှုချန်း၏ လည်ပင်းကို နောက်မှ သိုင်းဖက်ပြီးနောက် အဘိုးအိုက ခန္ဓာကိုယ် အောက်ပိုင်းနှင့် ခြေထောက်များသို့ စွမ်းအားများ စီးဆင်း စေလိုက်၏။ ရှုချန်းက အဘိုးအို၏ ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါးပင် သယ်ရမည်ဟု မှတ်ယူထားပြီး အသာယာ ကုန်းထလိုက်သည်။ သို့သော် မထင်ထားလောက်အောင်ပင် အဘိုးအိုက လွန်စွာ လေးလံ နေပြီး ရှုချန်းတစ်ယောက် ခါးပင် အဆစ်လွဲသွား မတတ် ဖြစ်သွားရ၏။

ရှုချန်းက မျက်လုံးများ မှေးကျဉ်းလိုက်မိပြီးနောက် ဤအဘိုးအိုက မရိုးရှင်းဟု ချက်ချင်း ခံစားလိုက်ရသည်။ အဘိုးအိုက ရယ်မောရင်း ပြော၏။

"ငါပြောခဲ့ပါတယ်.. မင်းငါ့ကို မသယ်နိုင်ပါဘူးဆို.."

"မသယ်နိုင်ဘူးလို့ ဘယ်သူပြောသလဲ.." ရှုချန်းက ခပ်ပါးပါး ပြုံးရင်း သူ၏ ပေါက်ကွဲခွန်အားကို ငါးဆ တိုးမြှင့် လိုက်သည်။ အဘိုးအိုကို ကျောပိုးသယ်တော့မည့် အချိန်တွင် အဘိုးအိုက နောက်ထပ် စွမ်းအားများ ထပ်မံ စီးဆင်း စေလိုက်ပြန်သည်။

ရှုချန်းတစ်ယောက် ချက်ချင်းပင် ဆန်အိတ်ဆယ်အိတ် ပိကျလာသည့်ပမာ ခံစားလိုက်ရသည်။ လေးလံမှုက သူ့ကို အင့်ခနဲပင် ဖြစ်သွားစေ၏။ အဘိုးအိုကတော့ ပြုံးနေဆဲပင်။

"ကိုယ့်ကိုယ်ကို အရမ်းတွန်းအား မပေးနဲ့... မင်းခါးမကောင်းတော့ရင် ကလေးတွေ ရယ်ကုန်လိမ့်မယ်.."

နတ်နဂါးစစ်သည်Tahanan ng mga kuwento. Tumuklas ngayon