အပိုင်း ၇

3.1K 112 0
                                    

ဋီကာ အိပ်ယာကနိုးတော့ နေမြင့်နေပြီ ဖြစ်သည်။ခုံပေါ်ကနာရီကိုယူကြည့်မိတော့ ရှစ်နာရီတိတိ။ခါတိုင်းဒီအချိန်ဆို ရွာတစ်ပတ်ပတ်ပြီးပြီ ။မနေ့ညက အတွေးပေါင်းစုံဖြင့် ဟိုလှည့်ဒီလှည့်နှင် ညဥ့်နက်သွားလေသည်။ထို့ကြောင့်ယနေ့မနက် မနိုးခြင်း။

အိပ်ရေးပျက်ရသည့် အ​ကြောင်းရင်းအားတွေးမိတော့ လူကဆတ်ကနဲအိပ်ယာမှ ထထိုင်မိသည်။ထို့နောက် မြန်မြန်ဆန်ဆန်အိပ်ယာသိမ်းကာ အဝတ်အစားတို့အား ပြန့်နေအောင် သပ်ချမိ၏။အခန်းပြင်ရောက်တော့ မျက်နှာချင်းဆိုင်အခန်းတံခါးက ပိတ်ထားလေသည်။ဒီအချိန်တော့အိပ်ယာထလောက်ပါပြီ။

အပြေးအလွှားအောက်ဆင်းမိတော့ အိမ်ရှေ့ဆီမှဆူညံသံတွေကြားရ၏။ထို့ကြောင့်အိမ်နောက်ဖေးဆီသို့ တိုက်ရိုက်ထွက်ကာ မျက်နှာသစ် ခြေလက်ဆေးသည်။အားလုံးပြီးမှ အိမ်ရှေ့ထွက်တော့ လူစုံတက်စုံဗျာ။
ဦးကိုကိုချစ်တို့လင်မယားအပြင် ကြီးတော်စိန်တင်တို့တစ်အိမ်လုံး စာကလေးပါပါတယ်။ဘာလို့အဲ့လောက်လူစုံနေကြတာတုန်း။မကျေမနပ်တွေးရင်း စားပွဲဆီခြေလှမ်းမိသည်။

"အဲ့တာဆို ကိုသဝဏ်က ကျောင်းဖွင့်တာနဲ့ပြန်မှာပေါ့"

အံမယ် ငပွေးအသံက မသိလျှင်ငယ်ပေါင်းကြီးဖော်တွေလို။ခေါ်ပုံကိုက ကိုသဝဏ်ဆိုပဲ ဟမ့်။မနေ့ကပြောတော့ဖြင့် ပညာပြမယ်လေးဘာလေးနဲ့။ဟိုကောင် စာကလေးဆို မြို့သားဆီက အကြည့်ကိုမလွှဲဘူး။

"ဘာလို့လူစုံနေတာတုန်း"

သူ့စကားအဆုံး အားလုံးလှည့်ကြည့်လာလေသည်။ထိုအကြည့်တွေထဲ မျက်ဝန်းနက်လေးတစ်စုံလည်း အပါအဝင်။ယနေ့ နေကပဲတောက်ပလွန်းတာလား မျက်ဝန်းလေးတွေကြောင့်ပဲလားမသိစွာ ပတ်ဝန်းကျင်တစ်ခုလုံးက အရောင်သွေးစုံနေသလို။

"ဟယ် အမေ့သား လာထိုင် အံမယ် သားကဒီ
ဆံပင်ကေနဲ့လည်းလိုက်သားပဲ"

အမေကဋီကာထိုင်ဖို့ ဟိုဘက်တိုးပေးရင်းမှ ခေါင်းမှ ဆံပင်အားကြည့်ကာ သဘောတကျဆိုလေသည်။

"ဘာမှမလိုက်ဘူး ဘုန်းကြီးလူထွက်ကေနဲ့
ရုပ်ကလူမိုက်ရုပ် "

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now