အပိုင်း ၂၁

3K 78 2
                                    

"ဘယ်လိုဖြစ်ရတာလဲ ကိုသဝဏ်ရာ "

"မနေ့က အသုပ်တွေအစားများသွားရုံပါ ငါသေချာဂရုစိုက်ထားပါတယ်"

နှာခေါင်းပွတ်လို့ဆိုလာတဲ့ သူကြီးသားကို သူ့လူလေးက မျက်စောင်းထိုးသည်။ပူနေတာလား ဖျားနေတာလားမကွဲပြားစွာ ပါးပြင်တွေက ခပ်ရဲရဲ။ယနေ့မနက် ကိုသဝဏ်နေမကောင်းကြောင်း အမေ့ဆီကကြားရတုန်းက ငပွေးတို့ ကြောင်သွားရသည်။

ဘယ်သွားသွား ဂရုစိုက်လွန်းသူကြောင့် ရေပြောင်းမြေပြောင်းတောင် နှာတစ်ချက်မချေတဲ့လူက အခု အိပ်ယာကမထနိုင်ဘူးတဲ့။သဲသဲကဲကဲ သူ့လူကလည်း အနားမှာကပ်နေတာ တောက်တဲ့လိုပဲ။မသိရင် မီးဖွားမယ့် မိန်းမကို စိတ်ပူနေတဲ့ အိမ်ရှင်ထီးလို။မျက်နှာကြီး ဖြီးမနေရင်ပိုတူပါလိမ့်မည်။

ပြီးမှသိရတာက မနေ့က အိမ်ကိုလာစားသွားတဲ့ အသုပ်ကြောင့် ဝမ်းလျှောတာများသွားတာပါတဲ့။ဟုတ်လောက်ပါသည်။မျက်ကွင်းလေးတွေညိုနေကာ တစ်ညလုံးအိပ်ရသေးပုံမပေါ်။လက်ချောင်းလေးတွေပင် ပျော့တိပျော့ဖတ်။

အိမ်သာတောင် သူကြီးသားက ပွေ့ပို့ရသည်အထိ ခြေတွေခွေနေပါသည်။မနက်စောစော သူကြီးသားကိုယ်တိုင် စောင်တွေအဝတ်တွေ လျှော်လှမ်းထားပုံထောက်ရင် ကိုသဝဏ်အခြေနေက တော်တော်ပြင်းသည့်ပုံ။

မနက်က ကြီးလှက ကြက်သားဆန်ပြုတ်လေးလာပို့သွားကာ အမေတို့လည်း လာကြည့်ပြီးပြီ။ယခုနေ့လည်တွင်တော့ သူတို့ မောင်နှမလေးယောက်နှင့် စာကလေး။မြို့သူလေးကလည်း ရွာထဲမသွားရဘဲ လူနာနားမှာထိုင်နေရသည့်အဖြစ်။သူ့သူငယ်ချင်းကို စိတ်ပူရှာမှာပေါ့။

"အစ်မနံမည်က ဘယ်သူလဲဟင်"

ပယင်းက ရောက်ကတည်းက မြို့သူကို တကြည့်ကြည့်။မြို့သူ ချောချောလေးကိုပစ် ပြီး သူတို့သူကြီးသား လူဆိုးကိုရွေးလိုက်သော ကိုသဝဏ်ကိုနားမလည်ဟန်။ဒီလောက်အကြာကြီး သူငယ်ချင်းဖြစ်လာတာတောင် သဘောမကျသော ကိုသဝဏ်အားလည်း မယုံနိုင်။တော်သေးသည် လက်ထပ်ရမည့်သူမှန်း မသိသေးတာ။မဟုတ်လျှင် သဝဏ့်ကို ရူးသွားပြီဟုတောင် ထင်သွားနိုင်သည်။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now