အပိုင်း ၁၈

2.3K 80 1
                                    

"ငါသင်္ဘောသီးသုပ် စားချင်တယ်"

"အစ်ကိုစားချင်ရင် ယမင်းတို့အိမ်မှာရှိတယ် သွားသုပ်ခိုင်းလိုက်မယ် အိမ်မှာစောင့်နေနော်"

"ငါရောလိုက်ချင်တယ်"

"နေပူတယ်လေဗျာ"

"ဝေးမှမဝေးတာကို ထီးဆောင်းခဲ့မယ်လေနော်"

"အစ်ကို့သဘောပါဗျာ"

အစ်ကို့စကားတစ်ခွန်းက ကျွန်တော့်အတွက်တော့ အမိန့်တွေထက် စွမ်းနိုင်ပါတယ်။

ယမင်းတို့အိမ်ရောက်တော့ ခြောက်ယောက်ပေါင်းပြီး သင်္ဘောသီးသုပ် စားဖြစ်သည်။သူကြီးသားကတော့ အဆိုးဆုံးပဲ ဟိုဟာများသွားပြီ ဒါများသွားပြီနဲ့ သူ့လူအကြိုက်နဲ့ မညီမချင်း ယမင်းတို့ညီအစ်မကို ဆရာလုပ်သည်။

"ခုတစ်လော စာကလေးလည်းမမြင်ပါလား ငပွေး"

"မတွေ့ဆို တောင်ရွာအပျိုကြီးဆီ ရောက်နေတာနေမှာပေါ့"

"အံမယ် ဟုတ်လှချည်လားကွ အစ်ကိုတအားမစားနဲ့ ဗိုက်အောင့်မယ်ဗျ"

" မင်းအဲ့လိုကဲသဲနေလို့ စာကလေးကမင်းနားမကပ်တော့တာ မျက်စိနောက်နေမှာပေါ့"

"အားကျသွားတာနေမှာပါကွာ"

"ပေါက်ကရတွေပြောပြန်ပြီ"

"ငါတို့မိန်းကလေးတွေကိုလည်း အားနာပါအုံးဟဲ့ ငဘုန်းရဲ့"

"အောင်မာ ညီအစ်မနှစ်ယောက် တိုးတိုးတိုးတိုးနဲ့ ငါ့အကြောင်းပြောနေကျကိုများ မသိရင်ခက်မယ်"

"အဟီး"

"အသံကိုက ယောကျာ်းကိုရမှာမဟုတ်ဘူး"

"ဟဲ့ ယောကျာ်းများ ခုယူရင်ခုရတယ်နော် မလိုချင်လို့ "

"ပြောတာပဲ အပျိုကြီး ပိတောက်မေကိုပဲကြည့် ရွေးရင်းငြင်းရင်းနဲ့ အခုသုံးဆယ်စွန်းနေပြီ"

"အဲ့တော့ဘာဖြစ်လဲ ဘဝဆိုတာ သုံးဆယ်ကျော်မှ စတာ"

"မတွေ့သေးခင်တုန်းကတော့ ငါလည်းအဲ့လိုပြောခဲ့တာပဲ တွေ့သွားတော့လည်း မနက်တွေ့ ညယူပစ်ချင်တာ"

"ဘာတွေလျှောက်ပြောနေတာတုန်း"

ပြောရင်း ပေါင်ကိုလည်း လိမ်ဆွဲသေးသည်။ချစ်မိတော့လည်း နာတယ်မထင် လက်ကလေးကိုသာ ဖမ်းဆွဲထားမိသည်။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now