အပိုင်း ၂၀🚨🔞🚨

3.8K 78 1
                                    

warning🚨🔞🚨

ညခင်းအိပ်တော့ ပြဿနာက စသည်။အရင်ကလည်း နေ့ခင်းဘက်တွေလာအိပ်ဖူးသော်ငြား ဒီနေ့ကမတူ ။ကိုယ့်ကိုပြန်ချစ်ပါသည်ဟူသောအဖြေအား နားနှင့်ကြားခဲ့ရတာမို့ တရားဝင်ချစ်သူတွေဖြစ်သွားပြီ။အဲ့ဒါကြောင့် ဟိုလိုဟိုလိုလည်း ပြဿနာ မရှိတော့။
ထိုအတွေးခေါင်းထဲဝင်လာတာမို့ ရင်တွေခုန်နေတာတလှပ်လှပ်။

ညနေ ဘုရားကနေအိမ်ပြန်ရောက်တော့ ရေမချိုးခင် အခန်းထဲပိတ်ကာ ဇွတ်အဖြေတောင်းခဲ့သည်။"ငါလည်းမင်းကို ချစ်ပါတယ်"ဟူသောအဖြေက တစ်ညနေလုံး ပါးစပ်စိမရအောင်ပြုစားထားသည်။

မြို့သူကိုအားနာသော်ငြား သူ့အပိုင်ဖြစ်ကြောင်း တအားကြွားချင်စိတ်ကြောင့် ထမင်းစားချိန်တစ်လျှောက် သူ့ရဲ့ကဲသဲနေမှုကို သူကြီးကချောင်းတဟန့်ဟန့်။သူ့လူလေးကတော့မျက်နှာရဲလို့။အမေကတော့ မြို့သူကို စကားဖာရတာပေါ့။

အိပ်နေကျအချိန်မဟုတ်သော်ငြား မြို့သူပင်ပန်းနေတာ နားပါစေဟု အကြောင်းပြကာ စကားပြောခွင့်ပိတ်၍ အခန်းထဲသို့ ဆွဲခေါ်လာရသည်။ပြီးတော့မှ နှစ်ယောက်သားက ရှိူးတိုးရှန့်တန့်။တော်သေးသည် ရွှေကျီးကောင်းမှုကြောင့် စာများများလေ့လာထားမိတာ။အလွတ်ရပြီး စိတ်ကူးထဲကျွမ်းကျင်နေသမျှ လက်တွေ့အသုံးချဖို့အချိန်ပဲ။

"ဘာလုပ်တာတုန်း"

ကုတင်ပေါ်အတူလှဲပြီးပြီးချင်း ခါးလေးအားဆွဲကာဖက်တော့ မသိမသာလေးရုန်းသည်။စတောင်မစရသေးဘူး ရင်တွေခုန်နေတာ ဒီအတိုင်းဆို ဆုံးရောဆုံးနိုင်ပါ့မလား။အတွေးတွေမှောင်မိုက်သွားတာ အပြင်ကကောင်းကင်ကြီးတောင်မမှီတော့။တွေးရင်း ဖက်ထားတာကို ပိုတင်းကြပ်လိုက်ကာ လည်ပင်းစပ်လေးအား နမ်းရှိုက်လိုက်သည်။

"အ..ဘာလုပ်နေတာတုန်းလို့"

"အစပျိုးနေတာလေ"

"ဘာကိုအစပျိုးနေတာတုန်း"

"ငါးရံ့ တွင်းအောင်းဖို့ အစပျိုးနေတာ"

"ဘယ်ကငါးရံ့တုန်း"

ရုန်းနေတာကို ရပ်လို့ အူကြောင်ကြောင်လေးပြန်မေးလာတာကြောင့် အသည်းယားကာ ခန္တာကိုယ်လေးအား ပိုဆွဲကပ်လိုက်တော့ ငါးရံက ချက်ချင်းကိုနိုးလာတာက သူ့ကိုယ်ပိုင်အိမ်အားတွေ့သွားသလို ပျော်ပျော်မြူးမြူး

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now