25

3.9K 234 12
                                    

💛 Players ( Part - 25 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အဲ့လိုဆိုရင်တော့ဖြစ်နိုင်ပါတယ် ခရာရယ် နင်အတွေးခေါင်နေတာပါ"

မင်းဆက်စံ၏စကားကို ချောရော၊ မှုံပါ ခေါင်းညိတ်ပြီးထောက်ခံပေမယ့် မိုးစက်ကတော့ ဘာမှမပြောဘဲ တစ်ခုခုကိုတွေးနေဟန်ဖြင့် ခရာ့ကိုခပ်စူးစူးကြည့်နေခဲ့သည်။
ခရာ့အပြင် ကျန်လူလေးယောက်မှာ မိုးစက်သာခေါင်းမညိတ်တာမို့ ခရာသည် မိုးစက်ကိုပြန်ကြည့်နေမိတော့ ခဏအကြာမှာ အနည်းငယ်လှုပ်ရှားလာသည်။

"ဖြစ်နိုင်ပါတယ် အမရာက အစကတည်းက အီစီကလီများတဲ့သူပဲ ပြီးတော့ သူ့ကိုလည်းတွဲသင့်လို့တွဲတယ်ဆိုတာ သိနေတာပဲ သူ့ဘက်ကလည်း ဒီလိုသုံးဘဝထဲမျောမနေချင်တော့ဘဲ ပြောင်းလဲချင်လာလို့နေမှာပေါ့"

"ငါ့အထင်တော့ မြန်လွန်းတယ်"

"မမြန်ပါဘူး ခရာရယ် လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့ ပြောရရင်နင့်ပုံစံလေးက သွက်သွက်လက်လက်ကလေးပဲဥစ္စာ နင် မသင်္ကာရင်လည်း သူ့ရဲ့အပြုအမူတွေကို အကဲခတ်ကြည့်ပေါ့ အကြည့်တွေ စကားတွေမှာ တကယ်ချစ်မချစ်သိသာတယ်"

"ဟင်!! ဘယ်လိုမျိုးလဲ ငါမှမသိတာ"

"နင်တကယ်ချာတူးလန်ဟာ.. ဒီအသက်ဒီအရွယ်တောင်ရောက်နေပြီ ခုထိရည်းစားမထားဖူးဘူးလား မဖြစ်နိုင်တာ"

"ဖြစ်နိုင်ပါတယ်ဟ ကိုယ့်သမီးကို အမြင့်ကြီးမှန်းပြီး တအားtrainနိုင်တဲ့ အဖေမျိုးနဲ့နေရရင် ရည်းစားထားဖို့မပြောနဲ့ ကျောယားလို့တောင် မကုတ်အားဘူး ပန်းထက်အက္ခရာတို့ Singaporeမှာနေရလို့အထင်ကြီးမနေနဲ့ ငါ့ဘဝက အိမ်ရယ် ကျောင်းရယ် တရားရုံးရယ်ပဲ လုံးချာလိုက်နေတာ"

ဒါကြောင့်လည်း ဖေကြီးကွယ်ရာ ဒီနေရာကိုရောက်နေတုန်း နေချင်သလိုနေနေတာဟု ခရာထည့်မပြောဖြစ်တော့ပါ။
IR.Law၏အဆင့်Aဟု ဖေကြီးကသတ်မှတ်ထားခဲ့၍ Aရဖို့အသည်းအသန်ကြိုးစားခဲ့ရကာ တချို့သောရက်တွေကို ဥပဒေစာအုပ်တွေကြားမှာ ကုန်ဆုံးခဲ့ဖူးသည်။
အမှုစစ်၊ အမှုလိုက်စရာရှိလာရင်လည်း အချိန်အခါမရွေး တရားရုံးကိုအပြေးသွားရသည်။

PlayersWhere stories live. Discover now