35

4.2K 314 31
                                    

💛 Players ( Part - 35 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အလုပ်ထွက်သွားတယ်"

"အေး"

စည်းရဲ့အေးဆေးသည့်တုံ့ပြန်မှုကြောင့် သူ အလွန်ဒေါသထွက်သွားမိသလို ယုံလည်းမယုံနိုင်သောကြောင့် ခရာ့ကိုဖုန်းဆက်တော့လည်း ဖုန်းကစက်ပိတ်ထား၏။
ရေတံခွန်တောင်ဆိုဒ်က အကြမ်းထည်ပြီးနေပြီမို့  Decorationဝင်လို့ရနေပြီဖြစ်ကာ ခရာ့အစား တခြားDecoratorတစ်ယောက်ဖြစ်နေ၍ သူမေးကြည့်မိခြင်းဖြစ်သည်။

"ဆိုဒ်ထဲမှာပြန်တွေ့မယ်နော် Bae မိတ်ကပ်တွေအများကြီးလိမ်းမလာနဲ့"

"လိမ်းမှာပဲ"

"လိမ်းလည်းဖျက်ပစ်မှာနော် ကြိုပြောထားတာ"

သူ စနောက်ခဲ့တုန်းက Baeသည်မျက်နှာလေးရဲကာ သူ့ရင်ဘတ်ကိုဘုတ်ခနဲထုလာ၍ ထိုလက်ကလေးကိုဖမ်းယူပြီး သူမကို အမြတ်တနိုးငုံ့နမ်းခဲ့သေးသည်။
အလုပ်ထွက်သည့်အကြောင်း တစ်ခွန်းမှမဟပါဘဲ ဘာလို့များ သူမ ဒီလောက်ထိပိရိနိုင်ရတာလဲ…

"မင်းကိုဝန်ခံစရာရှိတယ် တန်ခိုး အဲ့ဒီကောင်မလေးက သူ့အဖေရဲ့ပါဝါနဲ့ရောက်လာတာ ဒီမှာအလုပ်လုပ်ချင်ပါတယ်ဆိုပြီးပူဆာနေလို့ အဖေက မင်းရဲ့ဆိုဒ်အတွက်ထည့်ပေးလိုက်တာ"

"ဦးမင်းပိုင်လား"

"မဟုတ်ပါဘူး ခရာ့အဖေကဦးမင်းထက်ပါ  မင်းပြောတဲ့ဦးမင်းပိုင်ကတော့ ကားshowroomတွေပိုင်တာ ဦးမင်းထက်ရဲ့အစ်ကို"

"ငါတော့ မျက်စိတွေလည်ကုန်ပြီ"

တကယ်တမ်း သူ လုံးဝသဘောပေါက်သွားပေမယ့် မျက်စိလည်သလိုပြောလိုက်တော့ စည်းက မပွင့်တပွင့်ရယ်သည်။
ဦးမင်းပိုင်နှင့် ဦးမင်းထက်ဆိုသည့် ညီအစ်ကိုရင်းနှစ်ယောက်ကနေ မွေးဖွားလာသည့် နန်းသွေးအမရာနှင့် ပန်းထက်အက္ခရာဆိုသည့်ညီအစ်မ။
သူမရဲ့အိမ်ဆိုတာကလည်း အိမ်အစစ်မဟုတ်သလို ပါပါးဆိုတာကလည်း အဖေမဟုတ်ခဲ့ဘဲ ခရာဟာ သူမရဲ့ဦးလေးနှင့်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ထိုစုံတွဲဟာ သွေးရဲ့မိဘတွေ...

"တော်တော်လည်တဲ့မိန်းမ"

သူ့လက်ထဲကလွတ်ဖို့ လမ်းတွေအများကြီးဖောက်သွားသည့်သူမသည် သွေးရဲ့ညီမဟု ပြောစရာမလိုတော့ဘဲ သူမကတောင် သွေးထက်ဉာဏ်များပြီး ခြေလှမ်းတိုင်းကထောင့်စေ့၏။
သူ ထပ်ပြီးတုံးအ,မိခဲ့ပြန်ပြီမို့ ငါးရှဥ့်လိုဖမ်းရခက်သည့်ခရာကို ကြိတ်ဒေါသဖြစ်ရင်း မရရအောင်ဖမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။

PlayersWhere stories live. Discover now