33

4.4K 272 28
                                    

💛 Players ( Part - 33 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ဘဲလ်သံကြောင့် ကိုကြီးကိုလှည့်ကြည့်မိတော့ ကိုကြီးက ဖုန်းပြောနေ၍ ဘဲလ်သံကိုကြားဟန်မရှိ။
နာရီကိုလှမ်းကြည့်တော့လည်း ၁၁နာရီထိုးတော့မည်မို့ ဒီအချိန်မှလာသောဧည့်သည်ဟာ ဘယ်သူများဖြစ်နိုင်လဲ...
ကိုစည်းများလား...

ခရာ ထိုင်နေရာမှထပြီး တံခါးကိုသွားဖွင့်ပေးလိုက်တော့ မြင့်မားသောအရပ်ကြီးက တံခါးပေါက်ကိုထိတော့မတတ် ရှည်လျားသည်။
ရှပ်လက်ရှည်အနက်ရောင်ကို ဘောင်းဘီအနက်နှင့်တွဲဝတ်ထားကာ စူးရဲအေးစက်သောအကြည့်တွေက ခရာ့တစ်ကိုယ်လုံးကို ဖောက်ထွင်းတော့မလို။
ဒါဘယ်သူလဲ...

"Awww"

ထိုသူက ခရာ့ကိုကြည့်ကာ ခပ်ပြုံးပြုံးမျက်နှာဖြစ်သွားပြီး ထိုအပြုံးက ကိုကြီးနှင့်ဆင်တူလှသည်။
ဘယ်သူမှန်းမသိပေမယ့် ဖယ်ဆိုသည့်သဘောဖြင့် လက်ညှိုးလေးလှုပ်ပြတော့ ခရာတံခါးကိုကျယ်ကျယ်ဖွင့်ပေးလိုက်၍ ထိုလူဟာ အခန်းထဲဝင်လာလေ၏။
ရဲတင်းပုံကတော့ သူ့အိမ်သူ့ယာကို အလည်ပြန်ရောက်လာသလိုမို့ ဒါဟာ ကိုကြီးနဲ့ဘယ်လိုရင်းနှီးသည့်လူလဲ...

"ဟိတ်.. ဟိုကောင်မလေး မင်းအဲ့မှာဘာရပ်လုပ်နေတာလဲ တံခါးပြန်ပိတ်ခဲ့.. လာခဲ့ဒီကို"

အာဏာသံအပြည့်ပါလှသော ထိုလူ့စကားကြောင့် ခရာတံခါးကိုပြန်ပိတ်ကာ ဧည့်ခန်းကိုပြန်ရောက်တော့ ကိုကြီးကလည်း ဧည့်ခန်းကိုရောက်နေပြီ။
ခရာကပဲ စိတ်ထင်၍လားမသိ၊ ကိုကြီးက ထိုလူ့ရှေ့ရောက်သည်နှင့် အပြစ်လုပ်ထားသောကလေးတစ်ယောက်လို မဝံ့မရဲဖြစ်သွားလေသည်။

"ရောက်မယ့်ရောက်တော့လည်း ချက်ချင်းပဲ"

"အဲ့ဒါကအသာထားစမ်းပါ မင်းကဘာလဲ"

"ဘာဆိုင်လို့လဲ ဒါကျွန်တော်လွတ်လပ်ခွင့်လေ အစ်ကိုလိုက်မပြောပါနဲ့"

အစ်ကိုဆိုပါလား...ခရာသိသလောက်တော့ သူ့အစ်ကိုဆိုတာက သေပြီဆို။
ဒါဆို ဒီအစ်ကိုဆိုတာက ဘယ်လိုအစ်ကိုပါလိမ့်။ ဝမ်းကွဲများလား…
အတွေးတွေဖြင့် ခရာ ကိုကြီးနောက်ကျောဘက်မှာ ကပ်နေလိုက်တော့ ကိုကြီးက အခန်းထဲသွားနေဖို့ မေးဆတ်ပြ၏။

PlayersWhere stories live. Discover now