26

3.7K 205 5
                                    

💛 Players ( Part - 26 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"သမီးလေး အသားတွေပြန်ဖြူလာပြီပဲ"

မာမားက ခရာ့ဆံပင်လေးတွေကိုသပ်ပြီး တစိမ့်စိမ့်ကြည့်ရင်းပြောလာတော့ ခရာကျေနပ်သွားကာ မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိ ပြုံးလိုက်၏။
ခရာရောက်တာစောသေး၍လားမသိဘဲ ပါပါးကအိမ်မှာမရှိ။

ပါပါးက မြို့ထဲမှာ ကားshowroomတွေဖွင့်ထား၍ အများအားဖြင့်တော့ အလုပ်မများဘဲ တစ်ခါတစ်လေတော့လည်း အလုပ်သိပ်များသည်။
သို့သော် ဖေကြီးလောက်လည်းအလုပ်မရှုပ်တာမို့ ခရာသည် ဖေကြီးလက်ပေါ်ထက် ပါပါးလက်ပေါ်မှာ ကြီးပြင်းခဲ့ရသူဖြစ်သည်။
ဒါကြောင့်လည်း အဖေတစ်ယောက်လို ပါပါးဟုသာ ခေါ်ခဲ့သည်လေ...

"အလုပ်ကရော အရမ်းပင်ပန်းလား မင်းထက်ကတော့ သမီးကိုပြောမရလို့တဲ့ ညည်းသွားတယ်"

"အခုမှ ခရာလုပ်ချင်တာလေး လုပ်ရတာပါ မာမားရယ် ဆိုဒ်ကလည်းပြီးတော့မှာပါ ဆိုဒ်ပြီးရင် ခရာSingaporeပြန်တော့မှာ ဖေကြီးက မလေးကိုပြောင်းရမယ်လို့လည်းကြားတယ် ခရာတော့ဘယ်လိုနေရဦးမလဲ မသိပါဘူး"

"ဒီမှာပဲနေလေ သမီးရဲ့"

"ဟင့်အင်း မနေချင်ပါဘူး ခရာ USမှာ ကျောင်းတက်ချင်သေးတယ်"

"တော်ပါတော့သမီးရယ် ဘွဲ့လက်မှတ်တွေစုနေသလား အောက်မေ့ရတယ် အိမ်ထောင်ပြုဖို့မစဥ်းစားသေးဘူးလား အရွယ်ရောက်နေပြီကို"

ခရာ့ကိုချည်ထားချင်သောကြိုးတစ်ချောင်းမို့ မာမားစကားကြောင့် ခရာသည် မျက်နှာကိုတမင်ရှုံ့တွပစ်လိုက်ကာ ခေါင်းကိုပြုတ်ထွက်မတတ် ခါယမ်းပစ်သည်။
မာမားက ခရာ့ခေါင်းကိုဖိကိုင်ကာ စူပုတ်ပုတ်ဖြစ်နေသောမျက်နှာကို ငုံ့ကြည့်လာရင်း...

"ခါမနေနဲ့ နောက်တစ်ခါအိမ်လာရင် ကောင်လေးကိုပါခေါ်ခဲ့ ကြားလား"

"မာမားက ခရာ့ကို အိမ်မလာနဲ့လို့ပြောလိုက်တာနဲ့ အတူတူပဲ"

"မတူပါဘူး"

"တူတူပါပဲ တော်ပြီ ခရာ ပါပါးကိုမစောင့်တော့ဘူး စာတမ်းရေးဖို့ လိုတဲ့dataစုရဦးမှာမို့"

PlayersWhere stories live. Discover now