31

4.1K 267 23
                                    

💛 Players ( Part - 31 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ခပ်ဝေးဝေးက အုံ့မှိုင်းနေသောထင်းရှူးတောလေးကို လှမ်းကြည့်ရင်း စိတ်ထဲလွမ်းဆွတ်သွားမိသလို အာရုံတွေလည်းထွေပြားသွားကာ ခရာ့ရှေ့တည့်တည့်မှာရှိနေသည်က မြေနီလမ်းကလေးဖြစ်သည်။
ဘေးတစ်ဖက်တစ်ချက်စီမှာ ညီညီညာညာရိတ်ထားသော မြက်ခင်းစိမ်းလေးတွေကြောင့် မြေနီလမ်းလေးက ထင်ရှားကြွရွနေကာ ပိုပြီးလှနေသလိုလို။
နေရာသည် တောင်ပေါ်ဒေသ၏အငွှေ့အသက်တွေ ဖုံးလွှမ်းနေသောကြောင့် တောင်ပေါ်ဒေသကို ခရီးမထွက်ဖူးသော ခရာဟာ ဒီကိုဘာကြောင့်ရောက်နေတာပါလိမ့်...

"မချမ်းဘူးလား"

ကြည်လင်သြရှသောအသံနှင့်အတူ ခါးကိုသိမ်းဖက်ခံလိုက်ရပြီးနောက် ခရာလှည့်မကြည့်ရသေးမီ ပါးလေးတစ်ဖက်နွေးခနဲဖြစ်သွားသည်။
သို့သော် ထိုအနမ်းနွေးနွေးကြောင့် ခရာပျော်သွားပြီး ထိုရင်ခွင်မှာမှီချလိုက်သည့်အခါ ကိုယ်သင်းနံ့တစ်ခုရလိုက်၍ နောက်ပြန်မော့ကြည့်တော့ ခရာ့ကိုငုံ့ကြည့်နေသော ကိုကြီး...

"မဖြစ်နိုင်တာ"

ဒါအိမ်မက်လား၊ လက်တွေ့လား၊ ဇဝေဇဝါဖြစ်နေချိန်မရှိတော့ဘဲ ဝုန်းခနဲထထိုင်မိလိုက်တော့ တစ်ခါမှမရင်းနှီးခဲ့ဖူးသောအခန်းတစ်ခု။
ထိုအခန်းထဲမှာ ခရာအိပ်နေသောအိပ်ရာအပြင် မီးအိမ်တင်ထားသော စားပွဲပုလေးတစ်လုံးနှင့် နံရံကပ်ဗီရိုတစ်လုံးရှိပေမယ့် ထိုဗီရိုပေါ်မှာကိုယ်လုံးပေါ်မှန်ကြီးတပ်ထား၍ ဗီရိုနဲ့လည်းမတူ။

ခရာ့ဘေးဘက်မှာတော့ ပြတင်းပေါက်ရှိပုံရပြီး အဖြူရောင်အပါးသားလိုက်ကာ တပ်ထားသောကြောင့် မီးမဖွင့်ထားပါဘဲ တစ်ခန်းလုံးလင်းနေ၏။
မျက်နှာကျက်ရော၊ wallpaperကိုရော၊ အသုံးအဆောင်ပစ္စည်းတွေကအစ အဖြူရောင်တွေချည်းသုံးထားသောကြောင့် ခရာ အဖြူရောင်မသုံးတာကို သတိရသွားကာ ဒါဘယ်နေရာလဲ...

"နိုးပြီလား"

ချပ်ခနဲ အခန်းတံခါးပွင့်လာပြီး ကိုကြီးမျက်နှာကိုမြင်လိုက်ရသည့်နောက်မှာ ဟင်ခနဲဖြစ်သွားပြီး ဘာစကားမှထပ်မပြောနိုင်။
ကြည်မွေ့နေသောမျက်နှာချောချောက ခရာဖြစ်နေပုံကို သဘောတကျပြုံးရင်း ခရာ့အနားကိုရောက်လာပြီး ခါးကိုင်းကာ ခရာ့မျက်နှာကိုငုံ့ကြည့်သည်။
ပြုံးမြနေသောထိုမျက်နှာသည် ခရာ့အပေါ် ရင်းနှီးနွေးထွေးနေသလို မနက်စောစောမှာတောင် ချောမောသန့်ပြန့်နေသော ကိုကြီးကြောင့် ရင်တွေခုန်လာမိတော့၏။

PlayersWhere stories live. Discover now