𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

11.1K 640 10
                                    

[Unicode]

ကုမ္ပဏီရုံးခန်းရှိ အကြည်ရောင်မှန်နံရံကြီးကို
ဖောက်ထွင်း၍ မြင်နေရသော
အပေါ်မှကောင်းကင်ပြာကြီးအား သူငေးမောစွာကြည့်နေမိသည်။
ထိုအကြည့်ထဲတွင်လည်း
ဆွေးမြေ့မှုတစ်စွန်းတစ်စဟာကပ်ငြိလျက်။

"ဒီနေ့ ကောင်းကင်ကြီးကလှလိုက်တာ"

ထယ်ယောင်း သူနှုတ်ဖျားမှ ခပ်တိုးတိုးရေရွတ်မိ၏ ။
ဒီနေ့မှမဟုတ်ပါဘူး။ ကောင်းကင်ကြီးဟာနေ့ရက်တိုင်းလှပနေခဲ့ပါတယ်။
သို့ပေမဲ့ ကင်ထယ်ယောင်း သူ့အတွက်ကတော့ နေ့ရက်တိုင်းကမလှပခဲ့။

ဘာလို့လဲဆို?
သူဟာချစ်ရသူနဲ့လက်ထပ်ပေါင်းသင်းခဲ့ရပေမဲ့
ဘယ်သူကထင်မှာလဲ ထိုချစ်ရသူက
သူ့ကိုလက်ထပ်ပြီးတဲ့အချိန်မှာ စိတ်ဆင်းရဲအောင်လုပ်လိမ့်မယ်လို့လေ။

သူအပြည့်အ၀ယုံကြည်ပြီး
ချစ်ခဲ့မိတဲ့သူက
သူ့ကိုတစ်ကယ်ချစ်လို့မဟုတ်ဘဲ
သူ့ရဲ့စည်းစိမ်ဥစ္စာတွေကိုမက်မောလို့
သူ့ရဲ့အချစ်ကိုအသုံးချပြီး
ဒီလိုလုပ်ခဲ့လိမ့်မယ်ဆိုတာ
သူတစ်ကယ်ကိုမတွေးထင်ထားတဲ့
အရာတစ်ခု။

ကောင်းကင်ကြီးကလှပနေခဲ့ပေမဲ့
သူကြည့်လိုက်တဲ့အချိန်မှာ
ဘာလို့များ၀မ်းနည်းစရာကောင်းနေရတာလဲ?
ဟိုအရင်အတိတ်အကြောင်းတွေများ တွေးမိသွားလို့ ၀မ်းနည်းနေတာများလား?

သူဒီရက်ပိုင်း အရမ်းကိုခံစားလွယ်လာသလို တစ်ခုခုဆိုမျက်ရည်သာအရင်ကျနေခဲ့မိသည်။
ဒါတွေက တစ်ချိန်ကအသည်းမာတဲ့သူမဟုတ်ခဲ့သလိုဘဲ။

အခုချိန်သူ့ရဲ့ပုံစံက ကုမ္ပဏီတစ်ခုလုံးကလေးစားပြီး ရိုသေကာကြောက်နေရတဲ့ အသည်းမာတတ်သူ CEOကင် ဟုပြောရင် အံ့ဩနေကြလောက်မည်အထိ အရမ်းကိုပျော့ညံ့နေသည့် လူတစ်ယောက်ဖြစ်နေပြီ။

'အချစ်'ကကြောက်စရာကောင်းပါလား?

*ဒေါက် ဒေါက်*

"ကျနော်၀င်လာမယ်နော်CEOကင်"

လွင့်ပြယ်နေသော‌အတွေးတွေကို
ခေါင်းအားတရစပ်ခါရမ်းရင်းဖြင့်
လွင့်စင်စေလိုက်သည်။
မတ်တပ်ရပ်ကာငေးနေခဲ့သောသူသည်လည်း ထိုင်ခုံနေရာတွင်ပြန်ထိုင်လိုက်သည်။

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now