𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

4.6K 453 14
                                    

[Unicode]

'ဇွက်'

"အာ့! ဟမ်! မင်း- ဟာ့!"

ဟင့်အင်း သူ သူလုပ်တာမဟုတ်ဘူး! သူကအကာအကွယ်ယူလိုက်တာ.. သူ့ကိုယ်သူကာကွယ်လိုက်တာ ဟုတ်တယ်..

ရင်ဘတ်၌ဓားစိုက်၍ သွေးတွေတရစပ်ကျနေသည့်လူကို ထယ်ယောင်းတွန်းထုတ်၍ ထိုနေရာတွင်သာထားခဲ့လိုက်ပြီး သူကတော့လွတ်အောင်အဝေးသို့ပြေးလေသည်။
ထိန်းချုပ်မှုမရှိစွာကျဆင်းလာတဲ့မျက်ရည်တွေကိုလည်း သူမသုတ်မိ။ ထိူလူနှင့် ဝေးရာကိုသာသူပြေးနေမိသည်။

မဟုတ်ဘူး မဟုတ်ဘူး ငါကငါ့ကိုယ်ငါကာကွယ်လိုက်တာ အဲ့အကောင်ကလူယုတ်မာလုပ်ရပ်လုပ်လို့ ငါ့ကိုယ်ငါကာကွယ်လိုက်တာ အဟင့်

"ဟင့် မဟုတ်ဘူး!!"

ချွေးသံတစ်ရွှဲရွှဲနှင့်အော်ဟစ်ကာ အိပ်မက်ဆိုးမှနိုးထလာခဲ့သည်။
တစ်ကယ်ကိုပင်ထိုအဖြစ်အပျက်ဟာ ခုချိန်ထိအိပ်မက်ဆိုးအဖြစ် ခြောက်လန့်နေဆဲပါ။
သူအိပ်ရာကနေနိုးလို့ ဘေးဘီဝဲကြည့်လိုက်တော့
သူကCompnyရုံးခန်းမှာအိပ်ပျော်သွားတာဘဲ။
ဆိုဖာမှထကာ ကိုယ့်အလုပ်ခုံဆီသွားထိုင်တော့ အခန်းတံခါးခေါက်ကာ၀င်လာတဲ့သူ။

"ထယ် အကို၀င်လာမယ်နော်"

သူလည်းအံ့ဩသလိုကြည့်လိုက်ရင်း အကိုနမ်ဂျွန်းကသူ့ကိုပါးချိုင့်နက်ကြီးတွေထင်းနေအောင်ပြုံးပြ၏ ။
ထို့နောက် သူ့နားကပ်လာ၍ နဖူးပြင်ကချွေးစေးလေးတွေကိုလာသုတ်ပေးရှာသည်။

"ထယ်ရယ် ချွေးတွေတောင်ထွက်လို့ ပင်ပန်းနေရင်လည်းအိမ်ပြန်နားလိုက်ပါလား၊ Compnyကဆူဘင်းနဲ့ဆော့ဂျင်ရှိနေတာဘဲ"

အကိုနမ်ဂျွန်းကတော့အမြဲသူ့ကိုစိတ်ပူပေးရှာသည်။
အစကတည်းက ဂျွန်ဂျောင်ကုနဲ့မတွေ့ခဲ့ဘဲ အကိုနမ်ဂျွန်းကိုသာလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့မယ်ဆိုရင်...

"ရပါတယ်၊ ထယ်ခုနကအိပ်ပျော်သွားလို့
အခုပြန်နိုးတော့ပူသလိုဖြစ်နေတာ"
"အကိုဂျွန်းဘယ်လိုရောက်လာတာလဲ? အတန်းကကော?"

"အင်း အကိုအတန်းမရှိတော့ဘူးလေ ဒါကြောင့်ထယ့်ဆီလာခဲ့တာ ပြီးတော့ ထယ့်ကိုပြောစရာလဲရှိတယ်"

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now