𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

4.7K 415 17
                                    

[Unicode]

ဂျောင်ကုမနက်စာဗန်းကိုင်၍အပေါ်ထပ်အခန်းဆီလာခဲ့လိုက်သည်။ ဆေးကတော့အခန်းထဲရှိသည်ကြောင့် မနက်စာကျွေးပြီးဆေးတိုက်မည်ဟုစဉ်းစားထားသည်။
သူ့ကိုယ်သူဘာလို့ဒီလိုလုပ်ပေးနေမိမှန်းမသိပေမဲ့ အခုလုပ်နေတာသည်သူ၏စိတ်ရင်းအမှန်သာ။

ကိုကိုကျနော့်အနားကထွက်မသွားဖို့အတွက် ဒီ့ထက်ပိုလုပ်ရလည်းလုပ်မှာဘဲ..
ကိုကိုကျနော့်အနားရှိနေဖို့ကအရေးကြီးဆုံး။

အခန်ထဲ၀င်တော့ကုတင်ပေါ်ခုထိကွေးကွေးလေး
အိပ်နေတဲ့ထယ်ယောင်း။
ဂျောင်ကု ကုတင်ဘေးရပ်ရင်း
မနက်စာဗန်းကိုကုတင်ဘေးကစားပွဲပေါ်သို့တင်လိုက်သည်။
ပြီးနောက် ကုတင်ပေါ်တင်ပါးလွှဲထိုင်ရင်း ဖြူစင်စွာအိပ်မောကျနေတဲ့ထယ်ယောင်းပါးပြင်လေးကိုပွတ်သပ်‌ ပေးနေမိသည်။

ကျနော်ကစတွေ့ကတည်းကကိုကို့ကိုတစ်ကယ်မချစ်ခဲ့တာမို့ ကိုကိုကျနော့်ကိုမုန်းချင်မုန်းလို့ရတယ်..
အခုလဲချစ်မှာမဟုတ်သလို နောင်လဲကိုကို့ကိုကျနော်မချစ်ဘူး။
ကိုကို့အပေါ်ဖြစ်တည်နေခဲ့တဲ့ကျနော့်ခံစားချက်တွေကိုတော့ လျစ်လျူရှုထားပါရစေ...။

ပါးပြင်လာထိတွေ့နေသောလက်တစ်စုံကြောင့်
ထယ်ယောင်းလှုပ်လှုပ်နှင့်နိုးလာခဲ့သည်။
အိပ်ရာနိုးနိုးချင်းသူ့ကိုထိုင်ကြည်နေသည့်ဂျောင်ကုကြောင့် သူမျက်လုံးပြူးကြည့်မိသည်။

"မအံ့ဩပါနဲ့၊ ကျနော့်ကြောင့်ကိုကိုအရမ်းနာနေမှာ ဒီနေ့ကျနော်ကိုကို့ကိုပြုစုပေးမယ်"

ဟမ်? ဒါဂျောင်ကုပုံစံမှမဟုတ်တာ ဂျွန်ဂျောင်ကုဘာတွေဖြစ်နေတာလဲ? အရက်ကိုသေအောင်သောက်ပြီးရူးသွားတာများလား?

ပြောရင်းဂျောင်ကုကမနက်စာဗန်းထဲမှစွတ်ပြုတ်ပန်းကန်ကိုယူ၍ ခွံ့ကျွေးဖို့ပြင်သည်။ ထယ်ယောင်းဂျောင်ကုလက်ကိုပုတ်ချလိုက်တော့
စွတ်ပြုတ်ပန်းကန်ဟာကြမ်းပြင်ပေါ်သို့ကျသွားခဲ့၏ ။

"မလိုဘူးဂျွန်ဂျောင်ကု မင်းငါ့ကိုပြုစုစရာမလိုပါဘူး ဒါမင်းပုံစံမှမဟုတ်တာ မင်းကငါ့ကိုနှိပ်စက်နေရရင်ကျေနပ်နေတာလေ"

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now