𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

4.5K 524 19
                                    

[Unicode]

မွှေးပျံ့နေသောဟင်းအနံ့နှင့်
စားပွဲထက်နေရာယူထားသော ဟင်းလျာများ။

"သားဂျောင်ကု သားရဲ့ညီမလေးကဟင်းချက်တာတော်လာပြီ၊ ဒီခလေးမအများကြီးကြိုးစားခဲ့တာ"

"အကို့မင်းသမီးလေးကတော်တာပေါ့... အရမ်းစားကောင်းတယ်ဗျာ"

ဂျောင်ကုကသူ့ညီမထည့်ပေးထားတဲ့ထမင်းပန်းကန်ထဲကဟင်းတွေကိုယူစားရင်းညီမဖြစ်သူရဲ့ခေါင်းကိုပုတ်ကာ ချီးကျူးစကားဆိုနေလေသည်။

"အဟီး အကိုကြီးကအရသာရှိတယ်ဆိုညီမလေးကျေနပ်ပြီ။ မေမေလည်းအများကြီးစား မလောက်ရင်သမီးကထပ်ချက်ပေးမယ်"

ခလေးလိုပင်စကားကိုသွက်သွက်လက်လက်နှင့် ပါးချိုင့်ကလေးတွေထင်းနေအောင်ပြုံးတတ်သည့် သူအရမ်းချစ်ရတဲ့ညီမငယ်လေး။
သူ့ဘ၀မှာအမေနဲ့ဒီညီမလေးသာရှိနေရင် အားလုံးအဆင်ပြေတာမို့ တခြားအပိုလူတွေဘယ်သူမှမလိုအပ်ပါ။
ကင်မ်ထယ်ယောင်းကတော့ သူ့အတွက်မရှိမဖြစ်လိုအပ်တဲ့သူဆိုပေမဲ့ပေါ့။

ညီမလေး.?
ထယ်ယောင်းနဲ့လက်ထပ်ပြီးတဲ့နေ့မှာ လက်ထပ်ပွဲကအပြန် ဂျောင်ကုအမေကထိုခလေးမလေးကိုလမ်းမှာအကူအညီ
မဲ့နေတာ တွေ့ခဲ့ရတယ်။
ချစ်စရာကောင်းတဲ့ခလေးမလေးက စုတ်ပြတ်သတ်နေတဲ့ပုံစံနဲ့ အစားစားချင်လို့အသားချောင်းတွေခိုးပြီးထွက်ပြေးနေတာကို အနောက်ကယောက်ျားတစ်အုပ်စုကပြေးလိုက်ရာ မိသွားတော့ ဒီတိုင်းမလွှတ်ပေးတဲ့အပြင် လှပတဲ့ဒီခလေးမလေးကို ဖျက်ဆီးဖို့ရာကြံစည်နေကြတယ်။
ဂျောင်ကုကောထယ်ယောင်းပါထိုနေ့ကအတူရှိသည်။
ထိုသို့သော ခလေးမလေးကို ဂျောင်ကုအမေကသူလည်းတစ်ယောက်ထဲဖြစ်နေမှာနဲ့ မွေးစားဖို့ရာပြောလာခဲ့သည်။
ထယ်ယောင်းကထိုချစ်စရာခလေးမလေးကို သဘောကျနေပြီး ဂျောင်ကုလည်းညီမလေးတစ်ယောက်ရလိုက်သည်ဟု ကျေနပ်နေပါသည်။

ထယ်ယောင်းသိသည် ဂျောင်ကုကသူ့အမေနဲ့ညီမလေးကို ဘယ်လောက်တောင်ချစ်သလဲဆိုတာ နောက်ဆုံး သူ့(ထယ်ယောင်း)ထက်ဂျောင်ကုက သူ့မိသားစုကိုဦးစားပေးသည်။

ဂျောင်ကု သူ့အမေအိမ်တွင်နေသည်မှာအတော်ပင်မိုးချုပ်လို့နေပြီ။
အမေကတော့ကင်မ်ထယ်ယောင်းအကြောင်းကို တဖွဖွမေးနေတာဘဲ
ညီမလေးကလည်း ကင်မ်ထယ်ယောင်းကိုသတိရကြောင်းဘဲ ခနခနပြောနေတော့တာ။
သူကကင်မ်ထယ်ယောင်းကိုမချစ်သလောက် သူ့မိသားစုကတော့ ကင်မ်ထယ်ယောင်းကိုအတော်လေးချစ်ပါရောလား။
သူ့အမေမသိဘူးလေ၊ သူကကင်မ်ထယ်ယောင်းကိုငွေကြောင့်လက်ထပ်ခဲ့တယ်ဆိုတာ၊ ပြောလိုက်ရင် အမေကသေချာပေါက်သူ့ကိုစိတ်ဆိုးမှာ
ရှေ့ဆက်ရမယ့်သူ့ဘ၀အတွက် ကင်မ်ထယ်ယောင်း ကိုလက်ထပ်ရမှကိုဖြစ်မှာ။
သူငယ်ငယ်ကအနိုင်ကျင့်ခံခဲ့ရတဲ့အကောင်တွေဆီမှာ သူဒီလိုမျိုးဖြစ်နေပြီဆိုတာကို ပြပြီးအနိုင်ယူချင်ခဲ့တယ်။
အခုတစ်ကယ်နိုင်သွားပြီ။

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now